Monday, October 12, 2015

" ဘုရားက လူကို ဖန်ဆင်းပြီးတဲ့အခါ ပုံစံခွက်ကို လွင့်ပစ်လိုက်တယ် " ဆိုတဲ့စကား ကြားဖူးသလား? ရှေးလူအားလုံးနဲ့ နောင်ဖြစ်မယ့် လူတွေအားလုံးအတွက် ဒီစကားက မှန်ပါတယ်။ ဘုရားသခင်က သင့်ကို ဖန်ဆင်းပြီးတာနဲ့ ပုံစံခွက် (mold) ကို လွင့်ပစ်ခဲ့ပါပြီ။ လူတူမရှိနိုင်တော့ဘူး။ လူတိုင်းဟာ မူရင်း Original ပါ။ ဘုရားက မိတ္တူ Copy မလုပ်ဘူး။
" တပုံစံတည်းတူတဲ့ အမွှာ " ဆိုတာ မှားပြောတာပါ။ အဲဒီလို အမွှာမျိုးမရှိဘူး။လူတွေမှာ လက်ဗွေရာ သီးသန့် ကိုယ်စီရှိကြတယ်။ ရှေးလူ၊ နောက်လူ - ဘယ်သူနဲ့မှ မတူတဲ့ လက်ဗွေရာပါ။
ကဲ- ဘုရားက မတူစေချင်ရင် လူတွေက တခြားတယောက်ယောက်နဲ့ တူအောင် ဘာကြောင့်တုကြသလဲ?
ကျွန်တော်မှာ သားသမီး ၄ ယောက် ဘုရားပေးထားပါတယ်။ တယောက်နဲ့တယောက် မတူကြဘူး။ တချို့ကို စည်းကမ်းပိုကြပ်ရတယ်။ တချို့က အကဲပိုဆပ်တယ်။ တုန့်ပြန်လွယ်တယ်။ တချို့က သီချင်းပိုရတယ်။ တယောက်နဲ့တယောက်တူဖို့် ကျွန်တော် မကြိုးစားဘူး။ ပုံမသွင်းဘူး။ ဒါပေမယ့် " မင်းတို့ အစွမ်းတွေ အမြင့်ဆုံးဖြစ်လာအောင် အဖေကူမယ်။ ဘုရားသခင်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင်ကြိုးစားကြ " လို့ မကြာခဏ ပြောဖြစ်ပါတယ်။
ဘာပဲလုပ်လုပ်၊ ကိုယ်ပုံစံအတိုင်းလုပ်ပါ။ တခြားသူဆီက သင်ယူရပေမယ့် အတုမလုပ်ရဘူး။ သူများနဲ့ တူအောင် ကြိုးစားနေရင်၊ ကိုယ်ပိုင် သဘာဝ မရှိတော့ဘူး။ ကိုယ်ကိုယ်တိုင် အသက်ရှင်တာ မဟုတ်တော့ဘူး။ သူလည်း ကိုယ့်ဆီမှာ လာမရှင်ဘူး။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါစေ။ ကိုယ်သဘာဝနဲ့ ကိုယ်နေပါ။
နာမည်ကြီး ဧဝံဂေလိဆရာ B.R. Lakin ပြောလေ့ရှိပါတယ်။
" Piano စန္ဒယားမှာ သံစဉ်တခု၊ တသံပဲတီးတတ်မယ်ဆိုရင်၊ B – natural သံမှန် B ။   Be natural ပဲ တီးချင်ပါတယ်။ "  ဒါကြောင့် Be natural ပင်ကိုယ်သဘာဝအတိုင်း ဖြစ်ပါစေ။         ။ 
Credit : Original Writer

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!