Thursday, October 22, 2015

အာရုံစုစည်းခြင်း၊ မေ့လျော့ခြင်းနှင့် ကြိုတင်တွက်ဆခြင်းတို့သည် ကြီးမြတ်သောအသက်တာအတွက်
    လျှို့ဝှက်ချက်သုံးခုဖြစ်သည်။


    ဖတ်ရှုရန်ကျမ်းပိုဒ်။    ။ Matt - ၆း၂၅-၃၄
    သိမြင်ခြင်း။    ။ ပေါလု၏ အသက်တာသည် လုံးလုံးလျားလျား အာရုံစူးစိုက်သော အသက်တာဖြစ်သည်။ ဘုရားသခင်သည် မည်သည့်
            အရာကို သူ့အားပြုစေလိုသည်ကို သူသိသည်။ ထိုအရာကို သူ၏ ပန်းတိုင်အဖြစ် ထားခဲ့သည်။ ထိုအာရုံစူးစိုက်မှု မရှိလျှင်မည်သူတစ်ယောက်မျှ အောင်မြင်နိုင်မည်မဟုတ်ပါ။ ပညာရေး၊ အတတ်ပညာ၊ စက်မှုလုပ်ငန်း သို့မဟုတ် ဘုရားသခင် ၏ အမှုတော်ဆောင်ခြင်း စသည်တို့၌ အောင်မြင်မည်မဟုတ်ပါ။
   
    လက်တွေ့အသုံးချခြင်း။    ။ ယခုသင်ပါဝင် လှုပ်ရှားနေသည့် စီမံချက်များကို ရေးသားပါ။ သင်သည် စိတ်ပါစွာဖြင့် လုပ်ဆောင်မှုရှိမရှိ မိမိကိုယ်ကိုမေးပါ။
                သင်၏အသက်တာ၌ အဓိကကျသောအရာသည် မည်သည့်အရာနည်း။ သင်၏ရေတို၊ရေရှည်စီမံကိန်းပန်းတိုင်အပေါ်၌ မည်သို့အာရုံစိုက်ပါသနည်း။

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!