Tuesday, October 20, 2015

စိတ်ခံစားချက်တွေ ဘယ်လောက်ပဲဆိုးနေလည်း
အဲဒီခံစားချက်အပျက်တွေကို မျက်နှာပေါ်ထင်ဟပ်မပြပါနဲ့
ဘယ်သူကမှ အဲဒီရုပ်ကို နှစ်သက်မှာမဟုတ်လို့ပါ။






ဘယ်လောက်ပဲ ဆင်းရဲကြပ်တည်းလည်း
အဲဒီဆင်းရဲကြောင်းကို ပါးစပ်ဖျားမှာအမြဲချိတ်ဆွဲမထားပါနဲ့
ဘယ်သူကမှ အကြောင်းမရှိဘဲ ပိုက်ဆံအလကားပေးကမ်းမှာ မဟုတ်လို့ပါ။

အလုပ်တွေ ဘယ်လောက်ပဲမောပန်းလည်း မကျေမနပ်မညည်းတွားပါနဲ့
ဘယ်သူကမှ ခြွင်းချက်မဲ့ သင့်အစားလုပ်ပေးနိုင်မှာ မဟုတ်လို့ပါ။

နေ့ရက်တွေ ဘယ်လောက်ပဲပင်ပန်းလည်း ယုံကြည်ချက်တွေ မပျောက်ဆုံးပါစေနဲ့
အကြောင်းက လှပကောင်းမွန်တဲ့အရာတွေက မနက်ဖြန်မှာရှိနိုင်လို့ပါ။

အကျင့်စရိုက် ဘယ်လောက်ပဲဆိုးလည်း လူကြီးမိဘကိုရိုသေလေးစားပါ
အကြောင်းက သင်လည်း တစ်နေ့အိုရမှာမို့ပါ။




Credit : Original Writer

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!