စိတ်ကူးယဉ်သမားနှင့် လက်တွေ့သမားရဲ့ ကွာခြားချက်ပါပဲ။
ခိုင်မာတဲ့ သန္နိဌာန်မရှိသူကို ခေါင်းဆောင်လို့ ခေါ်လို့မရပါဘူး။ နေ့စဉ်အကျိုးရှိရှိ အလုပ်လုပ်မဲ့နာရီ၊ ကိုယ်ပိုင်အရည်အသွေးတွေတိုးတတ်အောင်လုပ်မယ်အစီအစဉ်၊အများအကျိုးကို ရှေ့တန်းတင်ဆောင်ရွက်မယ့် စိတ်ဓာတ်တို့နှင့် ပက်သက်ရင် ခေါင်းဆောင်တိုင်းမှာ ခိုင်မာတဲ့ သန္နိဌာန်ရှိရပါမယ်။
Stephen Gregg
Chairman and CEO of Ethix Corp
အခက်အခဲကို ကျော်လွှားနိုင်ဖို့ သန္နိဌာန်လိုပါတယ်။
သန္နိဌာန်ချထားတဲ့ လူတစ်ယောက်က အခက်အခဲနဲ့တွေ့လို့
ဘယ်နှစ်ကြိမ်ပဲ လဲကျပါစေ၊ ပြန်ထပြီး ဆက်ကြိုးစားပါလိမ့်မယ်။
David McNelly
သန္နိဌာန်ချထားပါတယ်လို့ ပြောရတာ လွယ်ပါတယ်။ တကယ်ခိုင်မာတဲ့ သန္နိဌာန်ဟုတ်မဟုတ်ကတော့ လုပ်ဆောင်ချက်ကို ကြည့်ရပါလိမ့်မယ်။
မှတ်သားစရာ။ ။ ဘတ်စကက်ဘော အကျော်အမော်ကစားသမား Bill Bradley ဘီ(လ်) ဘရက်ဒလီသည် အသက် ၁၅နှစ်အရွယ်တုန်းက
နွေရာသီ ဘစ်စကက်ဘောသင်တန်းကို တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် ဆရာက "ပွဲတိုင်းပွဲတိုင်းမှာ မင်းတို့ရဲ့အရည်အချင်းကို အစွမ်းကုန်
သုံးချပြီး ကစားမယ်လို့ သန္နိဌာန်ချပြီးကစားပါ။ မကစားခဲ့ရင်တော့ မင်းနဲ့တူညီတဲ့ အရည်အချင်းရှိပေမယ့် သန္နိဌာန်ခိုင်မာတဲ့ ကစားသမားနှင့်တွေ့
ရင် မင်းထက်သာသွားလိမ့်မယ်" လို့ပြောခဲ့ပါတယ်။ ဒီစကားလေး ဘီ(လ်) ဘရက်ဒလီရဲ့ ဘ၀ကို အကျော်အမော် ဘစ်စကက်ဘောသမားဖြစ်
အောင် တွန်းပို့ပေးခဲ့တာပါပဲ။

0 comments:
Post a Comment