Wednesday, October 21, 2015

လူတိုင်းဟာ အမှားနှင့်အမှန်ကို ခွဲခြားတတ်ပါသလား။
    သာမာန်အားဖြင့် ပြောရရင်တော့ လူတိုင်းဟာ အမှားနှင့်အမှန်ကို ခွဲခြားပြီး သိလေ့ရှိပါတယ်။
    ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာတွေလုပ်ပါလျက်နှင့် ဖြစ်မလာတဲ့အခါမှာတော့ စိတ်ဓာတ်တွေကျဆင်းလာတဲ့အခါမှာတော့အမှားနှင့်အမှန် ဝေခွဲဖို့ခက်လာပါတယ်။



  
 ဥပမာအားဖြင့်....
   
တစ်ခုခုအဆင်မပြေလို့ အရက်ကိုသောက်လိုက်တယ်။ ဒီလိုနဲ့ အဆင်မပြေလာတိုင်း အရက်ကိုထပ်သောက်တယ်။
    အရက်သောက်တော့ လုပ်သင့်လုပ်ထိုက်တာတွေကို မပြုလုပ်မိပဲ၊ မလုပ်သင့် မလုပ်ထိုက်တာတွေကို ပြုကျင့်ပါတယ်။
    တဖြည်းဖြည်း အမှားအမှန်ကို ခွဲခြားမသိတော့ပါ။
    ဒီတော့....
  
 အောင်မြင်ချင်တဲ့သူဟာ အမြဲတမ်း စိတ်ဓာတ်ကျနေလို့ မဖြစ်ပေ။ စိတ်ဓာတ်ကျတာနဲ့ လုပ်ရပ်တွေပါ ကျဆင်းလာတတ် လေ့ရှိပါတယ်။
    လုပ်ရပ်တွေကျဆင်းတော့ အမှားနှင့်အမှန်ကို ခွဲခြားပြီး မသိတော့ပါ။
    ဒီလိုအခါမျိုးတွေမှာ မိမိစိတ်ဓာတ်ကိုမိမိ လမ်းမှားမရောက်အောင် ထိန်းသိမ်းနိုင်ရပါမယ်။
    မိမိစိတ်ကို ထိန်းချုပ်နိုင်ရင် အမှားနှင့်အမှန်ကို ခွဲခြားပြီး သိပါတယ်။

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!