တစ်ခါက ခရီးဝေးကလာတဲ့
အဖိုးကြီးသုံးယောက်က အိမ်တစ်အိမ်ရှေ့မှာ အမောဖြေနားနေကြတယ်…………….
အဲအချိန်မှာ အိမ်ရှင်မက ထွက်လာပြီး အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။
သူမအဲ့လိုဖိတ်လိုက်တော့ အဖိုးကြီးတစ်ယောက်က ထပြောတယ်..
” အဘတို့ သုံးယောက်စလုံးတော့
အိမ်ထဲကိုလိုက်လို့မရဘူး..
ခေါ်ချင်တယ်ဆို ငါတို့ထဲကတစ်ယောက်ကိုပဲ ရွေးခေါ်လို့ရမယ်..
အဘဘေးက သူငယ်ချင်းနာမည်က ” ချမ်းသာခြင်း ” ဖြစ်ပြီး
ဟိုဘက်ဘေးကသူငယ်ချင်းကတော့ ” အောင်မြင်ခြင်း ” လို့ခေါ်ပြီး
အဘနံမည်ကိုတော့ ” ချစ်ခြင်းမေတ္တာ ” လို့ခေါ်တယ်..

ဒီတော့ သမီးအိမ်ထဲကိုပြန်ဝင်သွားပြီး
ဘယ်သူ့ကိုခေါ်မယ်ဆိုတာကိုသမီးယောက်ျားနဲ့
သွားတိုင်ပင်လိုက်ပါအုန်းလို့” စေလွှတ်လိုက်တယ်………….
သွားတိုင်ပင်လိုက်ပါအုန်းလို့” စေလွှတ်လိုက်တယ်………….
အိမ်ရှင်မလည်း
အိမ်ထဲဝင်ပြီးတိုင်ပင်တော့ ခင်ပွန်းက ” အောင်မြင်မှု့ ” ကို ဝင်ခွင့်ပြုရအောင် ၊
ယောက်ခမက ” စည်းစိမ်ချမ်းသာ ” ကိုသာ ဖိတ်ခေါ်သင့်တယ်နဲ့ တစ်ယောက်တစ်ပေါက်
အကြံပေးကြတယ်………
ဒေါင့်နားလေးမှာကပ်နေတဲ့ ချွေးမ
ဖြစ်သူကတော့ “ကျမသာဆို ” ချစ်ခြင်းမေတ္တာ ” ကိုပဲ ဝင်ခွင့်ပြုမှာ သူသာရှိရင်
ကျမတို့ အိမ်လေးသာယာနေမှာ” လို့
ပြောလိုက်တာနဲ့ အားလုံးချစ်ခြင်းမေတ္တာကို ဖိတ်ခေါ်ဖို့သဘောတူခဲ့ကြပြီး
အိမ်ရှင်မက ‘ ချစ်ခြင်းမေတ္တာ ‘ ကို ဖိတ်ခေါ်လိုက်တဲ့အချိန်မှာတော့
အဖိုးအိုသုံးဦးစလုံးဟာ အိမ်ထဲဝင်ဖို့ပြင်လိုက်ကြပါတော့တယ်..
ပြောလိုက်တာနဲ့ အားလုံးချစ်ခြင်းမေတ္တာကို ဖိတ်ခေါ်ဖို့သဘောတူခဲ့ကြပြီး
အိမ်ရှင်မက ‘ ချစ်ခြင်းမေတ္တာ ‘ ကို ဖိတ်ခေါ်လိုက်တဲ့အချိန်မှာတော့
အဖိုးအိုသုံးဦးစလုံးဟာ အိမ်ထဲဝင်ဖို့ပြင်လိုက်ကြပါတော့တယ်..
ချစ်ခြင်းမေတ္တာ ကိုဖိတ်ပေမယ့်
ကျန်နှစ်ဦင်္းကဘာကြောင့်လိုက်ဝင်ရသလဲလို့
အိမ်ရှင်မကနားမလည်စွာမေးလာတဲ့အခါမှာတော့
အိမ်ရှင်မကနားမလည်စွာမေးလာတဲ့အခါမှာတော့
” အကယ်၍မင်းကသာ ‘ ချမ်းသာခြင်း ‘ နဲ့
‘ အောင်မြင်ခြင်း ‘ ထဲက တစ်ယောက်ယောက်ကို ဖိတ်ခဲ့မယ်ဆိုရင် ကျန်၂ယောက်က အပြင်မှာ
ကျန်နေရစ်ခဲ့မှာအမှန်ပဲ ….
ဒါပေမယ့် အခုမင်းက ချစ်ခြင်းမေတ္တာကို
ဖိတ်လိုက်တာဆိုတော့ အဘတို့က သူ့နောက်ကို လိုက်ကိုလိုက်ရတော့မှာပဲလေ..
ဘာဖြစ်လို့လဲဆိုတော့ အဘတို့ ၂ယောက်က မျက်မမြင်၂ယောက်ပါ။
ချစ်ခြင်းမေတ္တာကသာ ငါတို့ဘ၀ရဲ့ အလင်းရောင်..ငါတို့ရဲ့ အရှင်သခင်ဖြစ်ပြီး သူလမ်းညွှန်တဲ့နောက်ကို ငါတို့ကအမြဲလိုက်နေရတာပါ” လို့
ဘာဖြစ်လို့လဲဆိုတော့ အဘတို့ ၂ယောက်က မျက်မမြင်၂ယောက်ပါ။
ချစ်ခြင်းမေတ္တာကသာ ငါတို့ဘ၀ရဲ့ အလင်းရောင်..ငါတို့ရဲ့ အရှင်သခင်ဖြစ်ပြီး သူလမ်းညွှန်တဲ့နောက်ကို ငါတို့ကအမြဲလိုက်နေရတာပါ” လို့
ချမ်းသာခြင်းနဲ့အောင်မြင်ခြင်းဆိုတဲ့အဖိုးအိုနှစ်ဦးက
ရှင်းပြလိုက်ပါတော့တယ်..
သင့်ဘ၀မှာ
” ချစ်ခြင်းမေတ္တာ ” တရားတွေနဲ့သာပြည့်စုံနေမယ်ဆိုရင် ‘ ချမ်းသာခြင်း ‘
အောင်မြင်ခြင်း ‘ တွေကိုအလိုလိုပိုင်ဆိုင်နိုင်မယ်ဆိုတာကို ဒီပုံပြင်လေးက
ဖော်ပြထားတာပါ..
Credit : Original Writer
Credit : Original Writer
0 comments:
Post a Comment