ဘ၀ဆိုတာ....
မီတာတစ်ရာပြေးပွဲမဟုတ်ဘူး၊ မာရသွန်ပွဲဒီပွဲမှာ အနိုင်ရတဲ့သူတွေဟာ မင်းတို့ငါတို့လိုပဲ မမြန်ဘူး။
ဒါပေမဲ့...
ဇွဲနဲ့ မှန်မှန်လုပ်သွားကြတဲ့ လူတွေများတယ်။
(ဟင်းဒရစ်)
လုပ်ဆောင်ပါလျက်နဲ့ မအောင်မြင်တဲ့အခါတွေတိုင်းမှာ ကိုယ်အားစိတ်အားတွေ ကျဆင်းလာတယ်။
နောက်တစ်ခါ အဲဒီအလုပ်ကို ထပ်မံပြီးတော့ လုပ်ဆောင်ဖို့ စိတ်ပါဝင်စားမှုနဲ့ စိတ်ဓာတ်တက်ကြွမှုတွေဟာအားနည်းလာကြတယ်။
ဒါပေမယ့်....
ဘာကြောင့် မအောင်မြင်တာလဲဆိုတာကို မစဉ်းစားမိဘူး။
တစ်ခါတစ်လေကြရင် မိမိနဲ့အတူတူ လျှောက်လှမ်းသွားကြတဲ့ သူတွေက အောင်မြင်သွားကြတဲ့ အခါတွေဆိုရင် ပိုပြီးတော့ စိတ်ဓာတ်အားငယ်လာပါတယ်။ ငါ့ကြမှ ကံဆိုးတာဟု မိမိကိုယ်ကို မိမိအပြစ်တင် မိလေ့ရှိပါတယ်။
အဲဒီလိုအခါမျိုးတွေမှာ လူဟာ မအောင်မြင်တဲ့အကြောင်းရင်းတွေကို အသေအချာရှာဖွေပြီး (အားနည်းချက် ကို ပြုပြင်ကာ) ဇွဲရှိရှိစိတ်ရှည်ရှည်နဲ့ ကြိုးစားဖို့တော့ မေ့လျောနေတတ် ကြပါတယ်။
တကယ်တမ်းအားဖြင့် အောင်မြင်မှုဆိုတာဟာ ဟင်းဒရစ် ပြောသလိုပါပဲ မာရသွန်ခရီးရှည်ကြီးပါ။
လဲကျရင် ပြန်ထရပါမယ်။
ပြီးတော့...... စိတ်ရှည်ရှည်ထပ်ကြိုးစားရပါမယ်။

0 comments:
Post a Comment