အောင်မြင်ခြင်းကို တိုင်းတာတဲ့အခါ သင်ဖြေရှင်းနိုင်တဲ့ ပြဿနာရဲ့ အရွယ်အစားကို မကြည့်ပါဘူး။ ဒီပြဿနာဟာ
မနှစ်ကပြဿနာ ဖြစ်မဖြစ်ကိုပဲ ကြည့်ရပါလိမ့်မယ်။
ဂျွန်ဖော်စတားဒူး(လ်)(စ်)
ပြသာနာ အခက်အခဲတွေချည်း ယူမလာပါနဲ့။
ပြဿနာ အခက်အခဲနဲ့အတူ အဖြေကိုပါ ယူလာပါ။
ပြဿနာ အခက်အခဲဆိုတာ လူတိုင်းမှာရှိပါတယ်။
အဖြေကသာ လူတိုင်းမှာမရှိတာပါ။
ကျော်ကျော်လှိုင်
ပြဿာနာတစ်ခုကို ရင်ဆိုင်ရတဲ့အခါ သင်ဘာလုပ်ပါသလဲ ?
ပြဿနာက သူ့အလိုလို ပြေလည်သွားမှာပါဆိုပြီး လျစ်လျူရှုလိုက်ပါသလား?
ဖြေရှင်းဖို့ အားအင်မရှိ၊ အကြံညဏ်မရှိဖြစ်နေလား?
အသင်အရင်က လက်မြှောက်အရှုံးပေးခဲ့ရတဲ့ ပြဿနာပဲ ဖြစ်နေတာလား?
ပြဿနာကို စိတ်ပါလက်ပါနဲ့ အောင်မြင်အောင်ဖြေရှင်းတာလား?
ပြဿနာဖြေရှင်းနိုင်တဲ့နည်းလမ်းလေးတစ်ခု
TEACH ဆိုတဲ့ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းလေးကို လေ့လာပါ။
Time အချိန်.......... ပြဿနာရဲ့ အခြေခံအရင်းအမြစ်ကိုသိဖို့ အချိန်ယူ လေ့လာပါ။
Exposure ဖော်ထုတ်ခြင်း............ တခြားသူတွေ ဘယ်လိုဖြေရှင်းတယ်ဆိုတာ ဖော်ထုတ်လေ့လာပါ။
Assistance အကူအညီယူခြင်း........... မိမိအဖွဲ့သားများရဲ့ အကူအညီနဲ့
ဘက်ပေါင်းစုံကနေ ပြဿနာရဲ့ အဖြေကိုရှာကြည့်ပါ။
Creativity တီထွင်ခြင်း ............. သာမန်လမ်းကြောင်းထက်
ထူးခြားတဲ့ ဖြေရှင်းနည်းကို တီထွင်ကြည့်ပါ။
Hit it ....... အကောင်းဆုံးနည်းကို သုံးပြီး အမြန်အဖြေရှာပါ။

0 comments:
Post a Comment