တစ်ဖက်လူရဲ့ နှလုံးသားနှင့်ဆက်သွယ်ဖို့ နားထောင်တဲ့ အကျင့်ကိုလုပ်ပါ။
Lao Tzu
ခေါင်းဆောင်ဆိုတာ ကိုယ်ခေါင်းဆောင်နေတဲ့သူတွေအမှန်ပြောဖို့ အားပေးရမယ်။ ကိုယ်ကြားချင်တာကို ပြောနေတဲ့သူတွေကို ဘေးဖယ်ရမယ်။
John C Maxwell
အသိပညာ၊ အတတ်ပညာတွေကို မိမိဘ၀တိုးတက်ဖို့အတွက် သင်ယူတဲ့အခါမှာလည်း စိတ်ဝင်တစားနဲ့ နားထောင်တတ်ဖို့ လိုပါတယ်။
နှလုံးသားနှင့် နားထောင်ပါ
လူတွေနဲ့ စကားပြောတဲ့အခါမှာ များသောအားဖြင့် အကြောင်းအရာပေါ်မှာပဲ အာရုံစိုက်လေ့ရှိပါတယ်။
တစ်ဖက်သားရဲ့ ခံစားချက်၊ အတွေးအခေါ်၊ အယူအဆတွေကို လျစ်လျူရှုမထားပါနဲ့။ တစ်ဖက်သားရဲ့ စကားကို နှလုံးသားနှင့ နားထောင်ရင် လူချစ်လူခင်များတဲ့၊ အများကြည်ညိုလေးစားတဲ့ လူသား ဖြစ်လာပါလိမ့်မည်။

0 comments:
Post a Comment