ကျွန်တော်တို့ဟာ အမှန်တကယ် အောင်မြင်မှုနှင့် စစ်မှန်သောပျော်ရွှင်မှုကို လက်တွေ့ခံစားဖို့ရာမှာ အကျင့်စာရိတ္တကို ကျော်ထောက်နောက်ခံပြုရမှာ ဖြစ်ပါသည်။ ( အင်္ဂလိပ် စာရေးဆရာတစ်ဦး)
တစ်ခါတစ်ရံမှာ ကျွန်တော်တို့တစ်တွေဟာ သူတစ်ပါးကြီးပွားချမ်းသာတာတွေကို ကြည့်ပြီး တရားသည်ဖြစ်စေ၊ မတရားသည် ဖြစ်စေ အားကျလေ့ရှိပါတယ်။ တချို့သော သူတွေက အဲဒီလိုမတရားသဖြင့် မတရားတဲ့နည်းလမ်း အတိုင်း လိုက်လုပ်လေ့ရှိပါတယ်။
ဒီလိုနဲ့....
မတရားသဖြင့် အဆင်ပြေလာတော့ တရားသဖြင့် ရှာဖွေတဲ့သူတွေကို အထင်အမြင်သေးကာ ကိုယ့်ကိုကိုယ် အဟုတ်ကြီး ထင်မြင်
လေ့ရှိပါတယ်။
ဒါပေမဲ့....
မိမိရဲ့ ကိုယ်ကျင့်တရားကို တူးဖြိုပြီးတော့မှရလာတဲ့ တိုးတက်မှုဆိုတာဟာ ဘယ်တော့မှ စစ်မှန်တဲ့ပျော်ရွှင်မှုကို မပေးသလို စစ်မှန်တဲ့ ငြိမ်းချမ်းမှုကိုလည်း မပေးပါဘူး။
မတရားသဖြင့် ကြီးပွားသူတစ်ချို့ရဲ့ ပျော်ရွှင်မှုဆိုတာ... ကလည်းမကောင်းတဲ့၊ အပြစ်ရှိတဲ့ပျော်ရွှင်မှုပါ။
အကျင့်စာရိတ္တပျက်စီးတဲ့ ပျော်ရွှင်မှုဆိုတာ... အဆိပ်လူးထားတဲ့ အစားအသောက်ကို စားသလိုပါပဲ။ မိမိကိုယ်ကို သတ်နေတာပါ။
တချို့ လူမသေပေမယ့် နာမည်က အရင်သေနေတယ်ဆိုတာဟာ တကယ်တမ်းအားဖြင့်တော့ အကျင့်ပျက်နေတဲ့ သူတွေရဲ့ ကြီးပွား မှုကို ခေါ်တာပါ။ အဲဒါ အောင်မြင်မှုမဟုတ်ပါဘူး။
စစ်မှန်တဲ့ အောင်မြင်မှုဟာ... ကိုယ်ကျင့်တရားကို အထိအခိုက်မခံပါဘူး။
Credit : Original Writer

0 comments:
Post a Comment