လူတို့တွင် စိတ်လှုပ်ရှားမှုဖြစ်ခြင်း၊ ထိုလှုပ်ရှားမှုကြောင့် ရောဂါရခြင်းတို့မှာ တကယ်ဒုက္ခတွေ့ခြင်းကြောင်းမဟုတ်၊ ဒုက္ခကိုရင်မဆိုင်တတ်ခြင်းကြောင်းဖြစ်သည်။ ထို့ကြောင့်လောက၌ လောက၌ အခြေအနေအမျိုးမျိုးကို အမြင်မှန်နှင့် ကြည့်နိုင်အောင် စိတ်ကြည်
လင်ဖို့လိုသည်။ ထိုကြည်လင်မှုသည် ရင့်ကျက်ခြင်းပင် ဖြစ်သည်။ စိတ်ဓာတ်မရင့်ကျက်သူတို့အဖို့ အခြေအနေတစ်ခုကို ကြောက်ရွံ့ခြင်း၊စိုးရိမ်ခြင်း၊ စိတ်ဓာတ်သိမ်ငယ်ခြင်း စသည်တို့ဖြင့် ကြည့်တတ်ကြသော်လည်း ထိုအခြေအနေကိုပင် တုန်လှုပ်မှုကင်းစွာ သတ္တိရှိရှိ ရင်ဆိုင်
နိုင်ခြင်းကို ရင့်ကျက်မှုဟုခေါ်၏။
ရင့်ကျက်မှုတွင် အောက်ပါအင်္ဂါ လက္ခဏာ ခုနှစ်မျိုးပါဝင်လေသည်။
(၁) တာဝန်သိခြင်းနှင့် ကိုယ့်အားကိုကိုးခြင်းစိတ်ထား။
(၂) မိမိချည်း အသာမယူလိုပဲ တစ်ပါးသူတို့အကျိုးကိုလည်း ကြည့်ရှုလိုသော စိတ်ထား။
(၃) မာန်မာန ထောင်လွှား၍ တစ်ဖက်သားနှင့် အမြဲတမ်း ဂုဏ်တု ဂုဏ်ပြိုင် လုပ်လိုသောစိတ်ထားမှ
အပေါင်းအသင်း မိတ်သင်္ဂဟများနှင့် တညီတညွတ် ပူးပေါင်းဆောင်ရွက်လိုသော စိတ်ထားသို့ ပြောင်းလဲခြင်း။
(၄) ဖိုမ ဆက်ဆံရေးကိစ္စတွင် လူ့အဖွဲ့အစည်းက ထားရှိအပ်သော စည်းကမ်းများကို လိုက်နာ၍ အိမ်ထောင်သည်ဘ၀၌ ချမ်းသာ၊သုခ ရရှိအောင်
လိင်ကိစ္စကို မှန်ကန်စွာ ကျင့်သုံးနိုင်ခြင်း။
(၅) ရန်လိုခြင်း၊ ဒေါသကြီးခြင်း၊ ရက်စက်ခြင်း၊ မုန်းတီးခြင်း စသောစိတ်များသည် ပျော့ညံ့သော စိတ်ထား ဖြစ်၍ အကြင်နာတရား ပြည့်စုံခြင်းနှင့် နူးညံ့သိမ်
မွေ့ခြင်းတို့သည် ပြည့်ဝသော စိတ်ထားမျိုးဖြစ်ကြောင်းကို နားလည်ခြင်း။
(၆) အဖြစ်မှန်နှင့် စိတ်ကူးယဉ်ကို ခွဲခြားနိုင်စွမ်းရှိခြင်း။
(၇) ဆင်းရဲခြင်း၊ ချမ်းသာခြင်း အစရှိသော လောကဓံတရားမျိုးနှင့် ကြုံတွေ့လျှင် အခါအားလျော်စွာ လိုက်လျောညီအောင် ကျင့်ကြံ နေတတ်ခြင်း တို့ဖြစ်သည်။
By John A. SSchindler, M.D

0 comments:
Post a Comment