Friday, October 23, 2015

သိမြင်ခြင်း။    ။ ရေတိုအမြတ်ရရန်ပြုလုပ်ခြင်းသည် ရေရှည်အတွက် အကျိုးနည်းစေတတ်ပါသည်။ လတ်တလော အကျင့်စရိုက်၏ ယဇ်ပလ္လင်ပေါ်၌ အစဉ်ထာဝရကို ပူဇော်ခြင်းသည် လူတစ်ယောက်၏ အနာဂတ်ကို အကျိုးဖြစ်ထွန်းစေနိုင်သည်။



 လက်တွေ့အသုံးချခြင်း။    ။ ကမ္ဘာဦးကျမ်း ၃၉ ထဲမှ၊ ယောသပ်သည် မိမိအားသွေးဆောင်သည့်အရာပေါ်၌ သင့်မြတ်သည်ဟုဆိုနိုင်မည်လား။ အမှန်လုပ်ရပ်ထက် အမှားလုပ်ရပ်သည် ပိုမို၍ လွယ်ကူကြောင်း သင်တွေ့ကြုံခဲ့ ပြီလား။ သင်၏သြတ္တပ္ပစိတ်၌ မိမိကိုယ်ကို အပြစ်တင်သည့်အရာတစ်ခုနှင့် သွေးဆောင်ခြင်းခံရသော
                အခါ သင်မည်သို့ ဖြေရှင်းပါသနည်း။ ယောသပ်နည်းတူ ထိုသွေးဆောင်ခြင်းမှ ထွက်ပြေးရန် နည်းကို  သင်တွေ့မြင်ပါသလား။
လူတို့တွင် စိတ်လှုပ်ရှားမှုဖြစ်ခြင်း၊ ထိုလှုပ်ရှားမှုကြောင့် ရောဂါရခြင်းတို့မှာ တကယ်ဒုက္ခတွေ့ခြင်းကြောင်းမဟုတ်၊ ဒုက္ခကိုရင်မဆိုင်တတ်ခြင်းကြောင်းဖြစ်သည်။ ထို့ကြောင့်လောက၌ လောက၌ အခြေအနေအမျိုးမျိုးကို အမြင်မှန်နှင့် ကြည့်နိုင်အောင် စိတ်ကြည်
လင်ဖို့လိုသည်။ ထိုကြည်လင်မှုသည် ရင့်ကျက်ခြင်းပင် ဖြစ်သည်။ စိတ်ဓာတ်မရင့်ကျက်သူတို့အဖို့ အခြေအနေတစ်ခုကို ကြောက်ရွံ့ခြင်း၊စိုးရိမ်ခြင်း၊ စိတ်ဓာတ်သိမ်ငယ်ခြင်း စသည်တို့ဖြင့် ကြည့်တတ်ကြသော်လည်း ထိုအခြေအနေကိုပင် တုန်လှုပ်မှုကင်းစွာ သတ္တိရှိရှိ ရင်ဆိုင်
နိုင်ခြင်းကို ရင့်ကျက်မှုဟုခေါ်၏။



ရင့်ကျက်မှုတွင် အောက်ပါအင်္ဂါ လက္ခဏာ ခုနှစ်မျိုးပါဝင်လေသည်။
(၁) တာဝန်သိခြင်းနှင့် ကိုယ့်အားကိုကိုးခြင်းစိတ်ထား။

(၂) မိမိချည်း အသာမယူလိုပဲ တစ်ပါးသူတို့အကျိုးကိုလည်း ကြည့်ရှုလိုသော စိတ်ထား။

(၃) မာန်မာန ထောင်လွှား၍  တစ်ဖက်သားနှင့် အမြဲတမ်း ဂုဏ်တု ဂုဏ်ပြိုင် လုပ်လိုသောစိတ်ထားမှ
      အပေါင်းအသင်း မိတ်သင်္ဂဟများနှင့် တညီတညွတ် ပူးပေါင်းဆောင်ရွက်လိုသော စိတ်ထားသို့ ပြောင်းလဲခြင်း။

(၄) ဖိုမ ဆက်ဆံရေးကိစ္စတွင် လူ့အဖွဲ့အစည်းက ထားရှိအပ်သော စည်းကမ်းများကို လိုက်နာ၍ အိမ်ထောင်သည်ဘ၀၌ ချမ်းသာ၊သုခ ရရှိအောင်
     လိင်ကိစ္စကို မှန်ကန်စွာ ကျင့်သုံးနိုင်ခြင်း။

(၅) ရန်လိုခြင်း၊ ဒေါသကြီးခြင်း၊ ရက်စက်ခြင်း၊ မုန်းတီးခြင်း စသောစိတ်များသည် ပျော့ညံ့သော စိတ်ထား ဖြစ်၍ အကြင်နာတရား ပြည့်စုံခြင်းနှင့် နူးညံ့သိမ်
    မွေ့ခြင်းတို့သည် ပြည့်ဝသော စိတ်ထားမျိုးဖြစ်ကြောင်းကို နားလည်ခြင်း။

(၆) အဖြစ်မှန်နှင့် စိတ်ကူးယဉ်ကို ခွဲခြားနိုင်စွမ်းရှိခြင်း။

(၇) ဆင်းရဲခြင်း၊ ချမ်းသာခြင်း အစရှိသော လောကဓံတရားမျိုးနှင့် ကြုံတွေ့လျှင် အခါအားလျော်စွာ လိုက်လျောညီအောင် ကျင့်ကြံ နေတတ်ခြင်း တို့ဖြစ်သည်။
      By John A. SSchindler, M.D
 ၁။ ရှုပ်ထွေးနေသည့်အထဲက ရိုးရှင်းမှုကို ရှာပါ။
 ၂။ အငြင်းပွားမှုထဲက သဘောတိုက်ဆိုင်မှုကို ရှာပါ။
 ၃။ အခက်အခဲများကြားမှ အခွင့်အရေးရှိသည်ကို သတိပြုပါ။
            Alber Einstein


Thursday, October 22, 2015

၁။ မျက်စိဖြင့် စာဖတ်ခြင်း - စာအုပ်စာပေ နှင့် မြင်မြင်သမျှ ပုံရိပ်များ
၂။ နားဖြင့် ဖတ်ခြင်း - တရားနာခြင်း ၊ ဟောပြောပွဲ များ နားထောင်ခြင်း
၃။ ခြေထောက်ဖြင့် စာဖတ်ခြင်း - ဒေသန္တရ ဗဟုသုတ ရအောင် ခရီးထွက်ခြင်း ၊ လေ့လာခြင်း


ခရီးသွားခြင်းဟာလည်း စာဖတ်ခြင်း တစ်ခုပါပဲ။
အာရုံစုစည်းခြင်း၊ မေ့လျော့ခြင်းနှင့် ကြိုတင်တွက်ဆခြင်းတို့သည် ကြီးမြတ်သောအသက်တာအတွက်
    လျှို့ဝှက်ချက်သုံးခုဖြစ်သည်။


    ဖတ်ရှုရန်ကျမ်းပိုဒ်။    ။ Matt - ၆း၂၅-၃၄
    သိမြင်ခြင်း။    ။ ပေါလု၏ အသက်တာသည် လုံးလုံးလျားလျား အာရုံစူးစိုက်သော အသက်တာဖြစ်သည်။ ဘုရားသခင်သည် မည်သည့်
            အရာကို သူ့အားပြုစေလိုသည်ကို သူသိသည်။ ထိုအရာကို သူ၏ ပန်းတိုင်အဖြစ် ထားခဲ့သည်။ ထိုအာရုံစူးစိုက်မှု မရှိလျှင်မည်သူတစ်ယောက်မျှ အောင်မြင်နိုင်မည်မဟုတ်ပါ။ ပညာရေး၊ အတတ်ပညာ၊ စက်မှုလုပ်ငန်း သို့မဟုတ် ဘုရားသခင် ၏ အမှုတော်ဆောင်ခြင်း စသည်တို့၌ အောင်မြင်မည်မဟုတ်ပါ။
   
    လက်တွေ့အသုံးချခြင်း။    ။ ယခုသင်ပါဝင် လှုပ်ရှားနေသည့် စီမံချက်များကို ရေးသားပါ။ သင်သည် စိတ်ပါစွာဖြင့် လုပ်ဆောင်မှုရှိမရှိ မိမိကိုယ်ကိုမေးပါ။
                သင်၏အသက်တာ၌ အဓိကကျသောအရာသည် မည်သည့်အရာနည်း။ သင်၏ရေတို၊ရေရှည်စီမံကိန်းပန်းတိုင်အပေါ်၌ မည်သို့အာရုံစိုက်ပါသနည်း။
ဂုဏ်သိက္ခာဟုဆိုလိုက်တာနဲ့ ငွေရှိတဲ့သူ၊ အာဏာရှိသူ ပညာရှိသူ များကိုသာတွဲမြင်လေ့ရှိပါတယ်။
    ပိုက်ဆံမရှိတဲ့ ပညာမဲ့တဲ့ သာမန်လူတန်းစားတွေကိုတော့ ဂုဏ်သိက္ခာမဲ့တဲ့ လူတွေလို့ သတ်မှတ်ကြပါတယ်။


    ဒီသဘောတရားဟာ၊
    ဒီလောကကြီးအတွင်းကို သဘာဝကျကျ စီးဆင်းနေတယ်။
    ဒါပေမယ့် ....
    ဒီသဘောတရားကို အသေအချာစဉ်းစားကြည့်ပါက လွဲမှားနေတယ်ဆိုတာကို မြင်ရပါလိမ့်မည်။
    ဥပမာအားဖြင့်.....
    ဂျူးလူပေါင်းများစွာကို သတ်ခဲ့တဲ့ အာဏာရှင် ဟစ်တလာကို အသက်ရှင်စဉ်က (အာဏာရှိစဉ်က) ဂုဏ်သိက္ခာကြီးမားသူ
    ဟု သတ်မှတ်ကြပေမယ့် သမိုင်းထဲမှာ သူ့ကိုဂုဏ်သိက္ခာ ကြီးသူဟု ဘယ်သူက သတ်မှတ်ပါသလဲ။
    တောင်အာဖရိကနိုင်ငံက နက်ဆင်မင်ဒဲလားဟာ လူမည်းထောင်ကျတစ်ယောက်ဖြစ်ပေမယ့် ယနေ့ကမ္ဘာမှာ ငြိမ်းချမ်းရေးနှင့်
    အမှန်တရားအတွက် ဂုဏ်သိက္ခာရှိသော လူသားအနေဖြင့် ရပ်တည်နေတယ်။
        ဒီတော့.....
    တကယ့်စစ်မှန်တဲ့ ဂုဏ်သိက္ခာဆိုတာ အမှန်တရားကို ချစ်မြတ်နိုးခြင်းနှင့် အများအကျိုးကို ဆောင်ရွက်ခြင်းပါပဲ။
    အောင်မြင်ချင်တဲ့သူဟာ၊ ဂုဏ်သိက္ခာရှိအောင်နေရတယ်။

Wednesday, October 21, 2015

ကျမ်းပိုဒ်။    ။ ယေရမိ ၃၈း၁-၁၃
    သိမြင်ခြင်း။    ။ ယနေ့ခရစ်ယာန်များအတွက် လက်ဝါးကပ်တိုင်နှင့် လောကအကြားတွင် တင်းမာမှုအမြဲရှိနေမည်ဖြစ်သည်။


       အကြောင်းမှာထိုသူတို့သည် လောက၌ရှိကြသော်လည်း လောကနှင့်မဆိုင်ကြသောကြောင့် ဖြစ်သည်။

    လက်တွေ့အသုံးချခြင်း။    ။ သင်သည်မှားယွင်းသောအရာတစ်ခုကို တွေ့ပါက မည်သည့်အရာပင်ဖြစ်ပါစေ၊ အခြေအနေမှန်လာ
                စေရန် သင်၏ သြဇာအာဏာကို အသုံးပြုပါ။ စာတစ်စောင်ရေးပါ။ သက်ဆိုင်သောသူနှင့် စကားပြောပါ။
                သင်၏ သဘောမတူမှုကိုပြပါ။ အကောင်းဘက်မှလုပ်ပါ။ သင်သည် ခြားနားချက်တစ်ခု လုပ်နိုင်၊ မလုပ်နိုင်ကို ကြည့်ပါ။
လူတိုင်းဟာ အမှားနှင့်အမှန်ကို ခွဲခြားတတ်ပါသလား။
    သာမာန်အားဖြင့် ပြောရရင်တော့ လူတိုင်းဟာ အမှားနှင့်အမှန်ကို ခွဲခြားပြီး သိလေ့ရှိပါတယ်။
    ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာတွေလုပ်ပါလျက်နှင့် ဖြစ်မလာတဲ့အခါမှာတော့ စိတ်ဓာတ်တွေကျဆင်းလာတဲ့အခါမှာတော့အမှားနှင့်အမှန် ဝေခွဲဖို့ခက်လာပါတယ်။



  
 ဥပမာအားဖြင့်....
   
တစ်ခုခုအဆင်မပြေလို့ အရက်ကိုသောက်လိုက်တယ်။ ဒီလိုနဲ့ အဆင်မပြေလာတိုင်း အရက်ကိုထပ်သောက်တယ်။
    အရက်သောက်တော့ လုပ်သင့်လုပ်ထိုက်တာတွေကို မပြုလုပ်မိပဲ၊ မလုပ်သင့် မလုပ်ထိုက်တာတွေကို ပြုကျင့်ပါတယ်။
    တဖြည်းဖြည်း အမှားအမှန်ကို ခွဲခြားမသိတော့ပါ။
    ဒီတော့....
  
 အောင်မြင်ချင်တဲ့သူဟာ အမြဲတမ်း စိတ်ဓာတ်ကျနေလို့ မဖြစ်ပေ။ စိတ်ဓာတ်ကျတာနဲ့ လုပ်ရပ်တွေပါ ကျဆင်းလာတတ် လေ့ရှိပါတယ်။
    လုပ်ရပ်တွေကျဆင်းတော့ အမှားနှင့်အမှန်ကို ခွဲခြားပြီး မသိတော့ပါ။
    ဒီလိုအခါမျိုးတွေမှာ မိမိစိတ်ဓာတ်ကိုမိမိ လမ်းမှားမရောက်အောင် ထိန်းသိမ်းနိုင်ရပါမယ်။
    မိမိစိတ်ကို ထိန်းချုပ်နိုင်ရင် အမှားနှင့်အမှန်ကို ခွဲခြားပြီး သိပါတယ်။
အောင်မြင်ခြင်းကို တိုင်းတာတဲ့အခါ သင်ဖြေရှင်းနိုင်တဲ့ ပြဿနာရဲ့ အရွယ်အစားကို မကြည့်ပါဘူး။ ဒီပြဿနာဟာ
    မနှစ်ကပြဿနာ ဖြစ်မဖြစ်ကိုပဲ ကြည့်ရပါလိမ့်မယ်။
                ဂျွန်ဖော်စတားဒူး(လ်)(စ်)

    ပြသာနာ အခက်အခဲတွေချည်း ယူမလာပါနဲ့။
    ပြဿနာ အခက်အခဲနဲ့အတူ အဖြေကိုပါ ယူလာပါ။
    ပြဿနာ အခက်အခဲဆိုတာ လူတိုင်းမှာရှိပါတယ်။
    အဖြေကသာ လူတိုင်းမှာမရှိတာပါ။
                ကျော်ကျော်လှိုင်



    ပြဿာနာတစ်ခုကို ရင်ဆိုင်ရတဲ့အခါ သင်ဘာလုပ်ပါသလဲ ?
    ပြဿနာက သူ့အလိုလို ပြေလည်သွားမှာပါဆိုပြီး လျစ်လျူရှုလိုက်ပါသလား?
    ဖြေရှင်းဖို့ အားအင်မရှိ၊ အကြံညဏ်မရှိဖြစ်နေလား?
    အသင်အရင်က လက်မြှောက်အရှုံးပေးခဲ့ရတဲ့ ပြဿနာပဲ ဖြစ်နေတာလား?
    ပြဿနာကို စိတ်ပါလက်ပါနဲ့ အောင်မြင်အောင်ဖြေရှင်းတာလား?

    ပြဿနာဖြေရှင်းနိုင်တဲ့နည်းလမ်းလေးတစ်ခု

    TEACH ဆိုတဲ့ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းလေးကို လေ့လာပါ။

    Time အချိန်.......... ပြဿနာရဲ့ အခြေခံအရင်းအမြစ်ကိုသိဖို့ အချိန်ယူ လေ့လာပါ။
    Exposure ဖော်ထုတ်ခြင်း............ တခြားသူတွေ ဘယ်လိုဖြေရှင်းတယ်ဆိုတာ ဖော်ထုတ်လေ့လာပါ။
    Assistance အကူအညီယူခြင်း........... မိမိအဖွဲ့သားများရဲ့ အကူအညီနဲ့
    ဘက်ပေါင်းစုံကနေ ပြဿနာရဲ့   အဖြေကိုရှာကြည့်ပါ။
    Creativity တီထွင်ခြင်း ............. သာမန်လမ်းကြောင်းထက်
    ထူးခြားတဲ့ ဖြေရှင်းနည်းကို တီထွင်ကြည့်ပါ။
    Hit it ....... အကောင်းဆုံးနည်းကို သုံးပြီး အမြန်အဖြေရှာပါ။
ဘုရားရှိခြင်း၊ မရှိခြင်းအပေါ်တွင်သံသယပွားနေသော သူများအထဲမှဘုရာမြတ်ရှင်တည်ရှိကြောင်းကိုယုံကြည်မှုကင်းမဲ့သော
 ရှေ့နေတစ်ဦးသည် သူ၏ရုံးခန်းအဝင်ဝ၌ စာတန်းတစ်ခု ချိတ်ဆွဲထား
လေသည်။၎င်းစာတန်းမှာကား -
 “ဘုရားမြတ်ရှင်တည်ရှိတော်မမူ”
 “God is nowhere ” ဟူ၍ဖြစ်သည်။
 တနေ့တွင် သူ၏ရုံးရှိရာသို့ချစ်စွာသော သမီးငယ် ကလေးသည်ရောက်လာပြီး ကလေးပီပီ မြင်မြင်သမျှ စာကိုကြိုးစားကာဖတ်ရှု၍စူးစမ်းရှာဖွေနေသောအရွယ်ဖြစ်သောကြောင့် သူ၏ ဖခင်ကြီး
ဘုရားမယုံကြည်ခဲ့သော ရှေ့နေကိုယ်တိုင်ရေးထားသော စာတန်းကလေးကိုကြိုးစားအားထုတ်ရင်း မပီကလာ၊ပီကလာအောက်ပါအတိုင်းဖတ် လိုက်သည်-
 “ဘုရားမြတ်ရှင်သည် ဤနေရာ တွင်ရှိတော်မူ၏”

“God is now here ” ဟူ၍ဖြစ်သတည်း။


 သမီးငယ်၏ ဖတ်ရွတ်ခြင်းကိုကြားသောအခါတွင် သူ၏ စိတ်နှလုံးကိုဘုရားရှင်ကသမီးငယ်ကလေး၏ အားဖြင့်တစ်ပြိုင်တည်း စကားပြောကြား၍သက်သေထူခဲ့လေသဖြင့်ထိုနေ့၊ ထိုအချိန်၊
 ထိုနေရာတွင်ပင်”ဘုရားမြတ်ရှင်မရှိ”ဟူ၍ယုံကြည်သော ထိုရှေ့နေသည် ထိုနေ့မှစ၍တစ်ဆူတည်းသော ဘုရားကိုသက်ဝင်ယုံကြည်သူဖြစ်သွားလေတော့သည်။

နာမတော်မြတ်၌
Samuel Soe Lwin

Tuesday, October 20, 2015

ငါတို့မှာ အတောင်ပံတွေမရှိဘူး မပျံသန်းနိုင်ဘူး။ ဒါပေမယ့် အပေါ်ကို အဆင့်ဆင့်တက်နိုင်တဲ့ ခြေထောက်တွေရှိတယ်။



    ဖြည်းဖြည်းမှန်မှန် ပို၍ပို၍သန်မာစွာနဲ့ တိမ်ဖုံးတဲ့ တောင်ထိပ်တွေဟာ ငါတို့အောက်ရောက်ခဲ့တယ်။ ကြီးမြတ်တဲ့လူသား
    တွေရောက်ခဲ့တဲ့ အမြင့်ဆုံးတွေဟာ ရုတ်တရက်ပျံသန်းပြီး ရောက်ခဲ့ကြတာမဟုတ်ဘူး။ သူတို့ရဲ့ အဖော်တွေ အိပ်နေကြတဲ့
    ကာလမှာ သူတို့ဟာ တစ်ညလုံး ပြင်းထန်စွာ အပေါ်ကိုတက်ခဲ့ကြတယ်။
                        ( လောင်းဖဲလို )
တစ်ဖက်လူရဲ့ နှလုံးသားနှင့်ဆက်သွယ်ဖို့ နားထောင်တဲ့ အကျင့်ကိုလုပ်ပါ။
                        Lao Tzu



    ခေါင်းဆောင်ဆိုတာ ကိုယ်ခေါင်းဆောင်နေတဲ့သူတွေအမှန်ပြောဖို့ အားပေးရမယ်။ ကိုယ်ကြားချင်တာကို  ပြောနေတဲ့သူတွေကို ဘေးဖယ်ရမယ်။
                        John C Maxwell

    အသိပညာ၊ အတတ်ပညာတွေကို မိမိဘ၀တိုးတက်ဖို့အတွက် သင်ယူတဲ့အခါမှာလည်း စိတ်ဝင်တစားနဲ့  နားထောင်တတ်ဖို့ လိုပါတယ်။

    နှလုံးသားနှင့် နားထောင်ပါ
        လူတွေနဲ့ စကားပြောတဲ့အခါမှာ များသောအားဖြင့် အကြောင်းအရာပေါ်မှာပဲ အာရုံစိုက်လေ့ရှိပါတယ်။
    တစ်ဖက်သားရဲ့ ခံစားချက်၊ အတွေးအခေါ်၊ အယူအဆတွေကို လျစ်လျူရှုမထားပါနဲ့။ တစ်ဖက်သားရဲ့ စကားကို နှလုံးသားနှင့ နားထောင်ရင် လူချစ်လူခင်များတဲ့၊ အများကြည်ညိုလေးစားတဲ့ လူသား ဖြစ်လာပါလိမ့်မည်။
ကျွန်တော်တို့ဟာ အမှန်တကယ် အောင်မြင်မှုနှင့် စစ်မှန်သောပျော်ရွှင်မှုကို လက်တွေ့ခံစားဖို့ရာမှာ အကျင့်စာရိတ္တကို ကျော်ထောက်နောက်ခံပြုရမှာ ဖြစ်ပါသည်။ ( အင်္ဂလိပ် စာရေးဆရာတစ်ဦး)






    တစ်ခါတစ်ရံမှာ ကျွန်တော်တို့တစ်တွေဟာ သူတစ်ပါးကြီးပွားချမ်းသာတာတွေကို ကြည့်ပြီး တရားသည်ဖြစ်စေ၊ မတရားသည် ဖြစ်စေ အားကျလေ့ရှိပါတယ်။   တချို့သော သူတွေက အဲဒီလိုမတရားသဖြင့် မတရားတဲ့နည်းလမ်း အတိုင်း လိုက်လုပ်လေ့ရှိပါတယ်။
    ဒီလိုနဲ့....
    မတရားသဖြင့် အဆင်ပြေလာတော့ တရားသဖြင့် ရှာဖွေတဲ့သူတွေကို အထင်အမြင်သေးကာ ကိုယ့်ကိုကိုယ် အဟုတ်ကြီး ထင်မြင်
   လေ့ရှိပါတယ်။
    ဒါပေမဲ့....
    မိမိရဲ့ ကိုယ်ကျင့်တရားကို တူးဖြိုပြီးတော့မှရလာတဲ့ တိုးတက်မှုဆိုတာဟာ ဘယ်တော့မှ စစ်မှန်တဲ့ပျော်ရွှင်မှုကို မပေးသလို စစ်မှန်တဲ့   ငြိမ်းချမ်းမှုကိုလည်း မပေးပါဘူး။
    မတရားသဖြင့် ကြီးပွားသူတစ်ချို့ရဲ့ ပျော်ရွှင်မှုဆိုတာ... ကလည်းမကောင်းတဲ့၊ အပြစ်ရှိတဲ့ပျော်ရွှင်မှုပါ။
    အကျင့်စာရိတ္တပျက်စီးတဲ့ ပျော်ရွှင်မှုဆိုတာ... အဆိပ်လူးထားတဲ့ အစားအသောက်ကို စားသလိုပါပဲ။ မိမိကိုယ်ကို သတ်နေတာပါ။
    တချို့ လူမသေပေမယ့် နာမည်က အရင်သေနေတယ်ဆိုတာဟာ တကယ်တမ်းအားဖြင့်တော့ အကျင့်ပျက်နေတဲ့ သူတွေရဲ့ ကြီးပွား   မှုကို ခေါ်တာပါ။ အဲဒါ အောင်မြင်မှုမဟုတ်ပါဘူး။
   စစ်မှန်တဲ့ အောင်မြင်မှုဟာ... ကိုယ်ကျင့်တရားကို အထိအခိုက်မခံပါဘူး။


Credit : Original Writer
စိတ်ခံစားချက်တွေ ဘယ်လောက်ပဲဆိုးနေလည်း
အဲဒီခံစားချက်အပျက်တွေကို မျက်နှာပေါ်ထင်ဟပ်မပြပါနဲ့
ဘယ်သူကမှ အဲဒီရုပ်ကို နှစ်သက်မှာမဟုတ်လို့ပါ။






ဘယ်လောက်ပဲ ဆင်းရဲကြပ်တည်းလည်း
အဲဒီဆင်းရဲကြောင်းကို ပါးစပ်ဖျားမှာအမြဲချိတ်ဆွဲမထားပါနဲ့
ဘယ်သူကမှ အကြောင်းမရှိဘဲ ပိုက်ဆံအလကားပေးကမ်းမှာ မဟုတ်လို့ပါ။

အလုပ်တွေ ဘယ်လောက်ပဲမောပန်းလည်း မကျေမနပ်မညည်းတွားပါနဲ့
ဘယ်သူကမှ ခြွင်းချက်မဲ့ သင့်အစားလုပ်ပေးနိုင်မှာ မဟုတ်လို့ပါ။

နေ့ရက်တွေ ဘယ်လောက်ပဲပင်ပန်းလည်း ယုံကြည်ချက်တွေ မပျောက်ဆုံးပါစေနဲ့
အကြောင်းက လှပကောင်းမွန်တဲ့အရာတွေက မနက်ဖြန်မှာရှိနိုင်လို့ပါ။

အကျင့်စရိုက် ဘယ်လောက်ပဲဆိုးလည်း လူကြီးမိဘကိုရိုသေလေးစားပါ
အကြောင်းက သင်လည်း တစ်နေ့အိုရမှာမို့ပါ။




Credit : Original Writer

Monday, October 19, 2015

ယနေ့ ဤကမ္ဘာလောကတွင် ချီးကျူးစရာတစ်ခုမှ မရှိသောလူသားတစ်ယောက်အား အမေများက မမွေးဖွားသေးပေ။



လူတိုင်းတွင်ကောင်းကွက်တစ်ခုတော့ ပါစမြဲဖြစ်ရာ ထိုကောင်းကွက်ကို ရှာဖွေနိုင်သူ၊ ထုတ်ဖောက်ပြောဆိုနိုင်သူသည် အောင်ပွဲ
ရသူဖြစ်ပါသည်။
"ငါသည် ခရစ်တော်၌ ဧ၀ံဂေလိတရားကြောင့် ရှက်ကြောက်ခြင်းမရှိ၊ အကြောင်းမူကား ထိုအရာသည်
    ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူ အပေါင်းတို့ကို ကယ်တင်စေသော
    ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။" ရောမ ၁း၁၆။



    သိမြင်ခြင်း။    ။ မိမိ၏နှလုံးသားထဲမှ တချို့တစ်ဝက်ကို လောကီအရာများ၌ ထားလျက် တစ်ဝက်ကို
            ခရစ်တော်ဘက်၌ ထားနေသရွေ့ စိတ်နှလုံးထဲ၌ ငြိမ်သက်ခြင်းရရှိမည်မဟုတ်ပါ။
            ကယ်တင်ခြင်းနှင့် စပ်လျဉ်း၍ မည်သည့်ရပ်တည်ချက်ရှိသည်ကိုလည်း သိရှိမည်မဟုတ်ပါ။
ဘ၀ဆိုတာ....
    မီတာတစ်ရာပြေးပွဲမဟုတ်ဘူး၊ မာရသွန်ပွဲဒီပွဲမှာ အနိုင်ရတဲ့သူတွေဟာ မင်းတို့ငါတို့လိုပဲ မမြန်ဘူး။
    ဒါပေမဲ့...
   ဇွဲနဲ့ မှန်မှန်လုပ်သွားကြတဲ့ လူတွေများတယ်။
                (ဟင်းဒရစ်)


    လုပ်ဆောင်ပါလျက်နဲ့ မအောင်မြင်တဲ့အခါတွေတိုင်းမှာ ကိုယ်အားစိတ်အားတွေ ကျဆင်းလာတယ်။
    နောက်တစ်ခါ အဲဒီအလုပ်ကို ထပ်မံပြီးတော့ လုပ်ဆောင်ဖို့ စိတ်ပါဝင်စားမှုနဲ့    စိတ်ဓာတ်တက်ကြွမှုတွေဟာအားနည်းလာကြတယ်။
        ဒါပေမယ့်....
  
ဘာကြောင့် မအောင်မြင်တာလဲဆိုတာကို မစဉ်းစားမိဘူး။
    တစ်ခါတစ်လေကြရင် မိမိနဲ့အတူတူ လျှောက်လှမ်းသွားကြတဲ့ သူတွေက အောင်မြင်သွားကြတဲ့ အခါတွေဆိုရင် ပိုပြီးတော့ စိတ်ဓာတ်အားငယ်လာပါတယ်။ ငါ့ကြမှ ကံဆိုးတာဟု မိမိကိုယ်ကို မိမိအပြစ်တင် မိလေ့ရှိပါတယ်။
   
  အဲဒီလိုအခါမျိုးတွေမှာ လူဟာ မအောင်မြင်တဲ့အကြောင်းရင်းတွေကို အသေအချာရှာဖွေပြီး (အားနည်းချက် ကို ပြုပြင်ကာ) ဇွဲရှိရှိစိတ်ရှည်ရှည်နဲ့ ကြိုးစားဖို့တော့ မေ့လျောနေတတ် ကြပါတယ်။
   
  တကယ်တမ်းအားဖြင့် အောင်မြင်မှုဆိုတာဟာ ဟင်းဒရစ် ပြောသလိုပါပဲ မာရသွန်ခရီးရှည်ကြီးပါ။
        လဲကျရင် ပြန်ထရပါမယ်။
        ပြီးတော့...... စိတ်ရှည်ရှည်ထပ်ကြိုးစားရပါမယ်။

Sunday, October 18, 2015

ဆေးရုံတစ်ခုထဲက အခန်းတစ်ခန်းထဲမှာပေါ့။ လူနာ ၂ ယောက်အတူနေတယ်။ တစ်ယောက်က အဝင်တံခါးဝမှာ။ တိုက်ပွဲ ဗုံးဒဏ်၊ ကျည်ဒဏတ်ကြောင့် မျက်လုံး ပက်တီးစီးထားရပြီး တစ်ကိုယ်လုံး ကြေမွနေသူ။ အသက်ရှင်ဖို့ စိတ်အားပြင်းထန်မှ လူပြန်ဖြစ်မယ့်အနေအထားတစ်ခုမှာ ဖြစ်ပါတယ်။


တစ်ယောက်ကတော့ သူ့ညာဘက်ခြမ်းမှာ။ တိုက်ပွဲက ရှေ့ တန်းအတူတက်တဲ့ ရဲဘော်ရဲဘက်ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် သူက ဆေးရုံအရင်ရောက်ထားသူမို့ နံရံဘက်အခြမ်းမှာ နေရာရနေသူ ဖြစ်ပါတယ။်
မျက်လုံးမမြင်၊ လှုပ်ရှားဖို့ခက်ခဲတဲ့ သူက နံရံဘက်ကလူကို မေးတယ်။ “ဘာတွလုပ်နေလဲ ကိုယ့်လူ”
“အပြင်မှာ ကလေးလေးတွေဆော့တာ ကြည့်နေတာ”
“အဲ့ဘက်မှာ ပြတင်းပေါက်ရှိတယ်လား”
“ဒါ့ပေါ့ သယ်ရင်းရ၊ နေဝင်ချိန်မို့လားမသိ၊ တောင်တန်းဘက်မှာ နီထိန်ထိန် မြင်ကွင်းလေးက အတော်လေး ကြည့်ကောင်းတယ်ကွ၊
ဟောဟိုမှာ ပန်းခြံထဲ င့ါမိသားစုတွေ လက်လှမ်းပြနေတယ်။ မင်းအိပ်နေတုန်း င့ါကို ဝင်တွေ့သွားတာလေ”

ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ပြတင်းပေါက်နေပြီးတော့ အပြင်ဘက်က မြင်ရတဲ့ ပတ်ဝန်းကျင် နဲ့ အကြောင်းအရာ များကို စီပါပတ်ကုံးပြောပြီး အရမ်းလှပနေတာ သူ့ကို မြင်စေချင်ကြောင်း၊ မြန်မြန်နေကောင်းအောင် အားတင်း၊ အသက်ရှင်ဖို့လည်း တိုက်တွန်းပါတယ်။
ဒါနဲ့ မျက်စိပတ်တီးစည်းထားပြီး တစ်ကိုယ်လုံး လှုပ်ရခဲနေသည့်တိုင် အပြင်သဘာဝအလှတွေကို တစ်ခေါက် ပြန်လည် တွေ့နိုင်ဖို့ အသက်ရှင်ရမယ်ဆိုတဲ့ ယုံကြည်ချက်လေး မွေးဖွား လာပါတယ်။ ဒါနဲ့ ဆေးလည်း ပုံမှန်သောက်ပြီး ကျန်းမာဖို့ အားတင်းရင်း နေ့တိုင်း ပြတင်းပေါက်တစ်ဖက်က မြင်ကွင်းအကြောင်းကို မေးမြန်းပါတယ်။
တစ်နေ့ သူပြန်နေကောင်းပါပြီ။ မျက်လုံးပတ်တီးဖွင့်ပြီး တစ်ကိုယ်လုံးက ကျောက်ပတ်တီးဖြေလိုက်ချိန် သူ့ဘေးမှာ ရှိနေတဲ့ လူကို မမြင်ရတော့လို ဘယ်ရောက်သွားလဲမေးတယ်။ ပိုပြီးတော့ အံ့သြတာ တစ်ခုက အဲ့ဘေးမှာ ပြတင်းပေါက် ရှိမနေခြင်းပါ။ ဒါကြောင့် မေးခွန်းပေါင်း များစွာနဲ့ သူနာပြုကို မေးပါတော့တယ်။ သူနာပြုကတော့ အောက်ပါအတိုင်း ပြန်ဖြေပေးပါတယ်။
“ရှင့်ရဲဘော်က ဆေးရုံအရောက်စောပေမယ့် ကံကတော့ မကောင်းရှာဘူး။ မျက်လုံးလည်း မမြင်ရဘူး။  သွေးကင်ဆာ ပြန်ဖောက်လာတာမို့ ရက်ပိုင်းပဲ အသက်ရှင်ဖို့ကျန်တော့တဲ့လူ၊ မနေ့လေးတင် ဆုံးသွားလို့ အခန်းကနေ သယ်ထုတ်ပြီးသွားပြီ။ ရှင်က စိတ်ဓာတ်ခိုင်မှ အသက်ရှင်ရမယ့်သူမို့ အားပေးစကား နေ့တိုင်းပြော ပေးတာပါ၊ နံရံမှာ ပြတင်းပေါက်မပါတဲ့ အချက်အတွက်ကတော့ စိတ်မရှိပါနဲ့”
Ref: kfacts.
သင်ခန်းစာ -
လူတွေဟာ ကိုယ်တစ်ယောက် ဒုက္ခရောက်နေပြီဆိုရင် ပတ်ဝန်းကျင်ရဲ့  လှပမှုကို မခံစားနိုင်တော့ဘူး။ မခံစားနိုင်တဲ့အပြင် တစ်ခါတစ်လေကျ ပတ်ဝန်းကျင်ကိုပါ ကိုယ့်ဒုက္ခ အပူတွေကို ဆီးကူးစေမိကြ ပါတယ်။ ကံကြမ္မာဆိုး တံခါးဝရောက်နေချိန် နောက်တစ်ယောက် ဝင်မရအောင် တံခါးမှာ ပိတ်ထားပေးဖို့ထက် ကိုယ်နဲ့ အတူ ဝင်စေဖို့ လက်ကမ်းခေါ်တတ်တဲ့ စိတ်ဓာတ်အား အဆိုးရွားဆုံးပဲ ဖြစ်ပါတယ်။
ကိုယ်တစ်ယောက်မှာ ဘယ်လိုအခက်တွေရှိနေရှိနေ၊ ဒုက္ခတွေ ရှိနေရှိနေ၊ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်ရာ သူတစ်ပါး အပေါ်မှာ အကြင်နာ၊ မေတ္တာတရားတို့နဲ့ စာနာ၊ ကူညီ၊ ပျော်ရွှင်စေတတ်မှုက တန်ဖိုးရှိသော ဘဝတစ်ခုကို တည်ဆောက်နိုင်လိုက်ခြင်းပဲ ဖြစ်ပါတယ။်
ပျော်ရွှင်စရာကောင်သော မိသားစု ဘဝလေးတွေကို ပိုင်ဆိုင်စေရန် ဒီစာလေးကို ရေးသား လိုက်ရပါတယ်။ လူတစ်ယောက် အတွက် စိတ်ချမ်းသာဖို့ ဆိုတာ အဓိကကျသော အခန်းကဏ္ဍ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ချမ်းသာဖို့ကို ဦးစားပေးပြီး နေထိုင်သင့်ပါတယ်။

 

(၁) လိုချင်တက်မက် မှုတွေကို တတ်နိုင်သလောက် လျော့ချပေးပါ
ယနေ့ခေတ်ဟာ လူတွေအတွက် လိုချင်စရာတွေ များပြားလှတဲ့ ခေတ်ဖြစ်ပါတယ်။ ဒါကြောင့် လိုချင်တာကို မရတဲ့ အခါမှာ မိမိပဲ စိတ်ဆင်းရဲ ရပါလိမ့်မယ်။ မိမိအတွက် တကယ်လိုအပ်မယ် ထင်တဲ့ အရာများကိုသာ ဖြည့်စွမ်းပါ။ သို့မှသာ စိတ်ချမ်း သာပါလိမ့်မယ်။

(၂) စိတ်ဆင်းရဲစေမည့် ကိစ္စမျိုးတွေကို တတ်နိုင်သလောက် ရှောင်ပါ
မိမိအတွက် စိတ်ဆင်းရဲစေမည့် အလုပ်မျိုးတွေကို တတ်နိုင်ရင် ရှောင်ကြဉ်ပြီး လုပ်စေချင်ပါတယ်။ တစ်ခါတစ်လေ ငွေများများရမယ့် စိတ်ဆင်းရဲရတဲ့ အလုပ်မျိုးတွေကို ကြုံလာရတတ်ပါတယ်။ အဲဒီအခါမှာ အရာရာကို ငွေကိုချဉ်းပဲ ဦးစားမပေးပါနဲ့။

(၃) ဆွေးနွေးတိုင်ပင်လိုက်ပါ
စိတ်ထဲမှာ မွမ်းကျပ်ပြီး အဖြေထုတ်ရခက်တဲ့ ကိစ္စမျိုးတွေ ပေါ်လာရင် ဇနီး၊ ခင်ပွန်း၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ယုံကြည်အားကိုးတဲ့သူ အစရှိသော သူတို့ထံကို တိုင်ပင်ခြင်းဟာ မိမိရဲ့ စိတ်မွမ်းကျပ်မှုတွေကို လျော့ချပေးနိုင် ပါလိမ့်မယ်။

(၄) စိတ်ကိုပျော်ရွှင်စေမည့် နေရာများသို့ သွားပါ
တစ်နှစ်မှာ တစ်ကြိမ်လောက် ဖြစ်ဖြစ် ခရီးထွက်လိုက်ပါ။ ဘာလို့လဲဆိုတော့ အလုပ်ခွင်ထဲမှာ အမြဲတန်းလုပ်နေရတဲ့ အတွက် စိတ်ထဲတွင် ငြီးငွေ့မှုတွေကို ခံစားရနိုင်ပါတယ်။ ခရီးထွက် လိုက်ခြင်း အားဖြင့် အတွေးအခေါ်အသစ်တွေ ထွက်လာနိုင်တဲ့ အပြင် မိမိ၏ စိတ်ကိုလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲ စေနိုင်ပါလိမ့်မယ်။

(၅) အားကစားကို တတ်နိုင်သလောက် လိုက်စားပါ
မိမိတို့အိမ်မှာ ဖြစ်နိုင်ရန် အားကစားလုပ်ဖို့ အတွက် နေရာတစ်ခုလောက် ထားရှိပေးရင် အကောင်းဆုံးပါ။ ကျန်းမာရေးဟာ မိသားစု တစ်စုလုံးအတွက် အရေးကြီးသော ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ အားကစားများကို တစ်မိသားစုလုံး လိုက်စားပါက ရောဂါများကင်းဝေကာ ပျော်ရွှင်စရာ ကောင်းသော မိသားစု ဘဝလေးကို ပိုင်ဆိုင် နိုင်ပါလိမ့်မယ်။ 

Saturday, October 17, 2015

လူတစ်ယောက်ဆီကို သေမင်းရောက်လာပီး ယခုလို စကားဆိုပါတယ်။
"မိတ်ဆွေ၊ ဒီနေ့ဟာ မင်းလူ့လောကကို စွန့်ခွာရမယ့်အချိန်ပဲ"
ဒါနဲ့ ယင်းလူသားဟာ "ဟင့်အင်း။ ကျနော် အဆင်သင့်မဖြစ်သေးဘူး" လို့ ပြန်ပြောပါတယ်။




ဒီတော့ သေမင်းက "မတတ်နိုင်ဘူး။ မိတ်ဆွေရဲ့ အမည်က ထိပ်ဆုံးမှာပဲလေ" လို့ဆိုပါတယ်။
ဒါကြောင့် လူသားက သေမင်းကို ယခုလို မျက်နှာချိုသွေးပြီး ဧည့်ခံစကား ဆိုပါတယ်။
"ဟုတ်ပြီလေ။ ဒါနဲ့ ခဏစောင့်ပါအုံး။ ထိုင်ခုံမှာ အေးဆေးထိုင်ပါအုံးဗျာ။ လူကြီးမင်းကို ကျနော်ပြုစုချင်သေးလို့ပါ"
ဒါနဲ့ သေမင်းကလည်း ထိုင်ခုံမှာထိုင်ပြီး လူသား ကျွေးသမျှ မုန့်၊အစားအစာ များကို စားသုံးပါတယ်။  အချိုရည်ထဲမှာ အိပ်ဆေးတစ်လုံး ထည့်ထားလိုက်ပါတယ်။ ဒါကြောင့် အိပ်ဆေးမိတဲ့ သေမင်းဟာ အိပ်ပျော်သွားပါတယ်။
ဒါနဲ့ လူသားက သေမင်းရဲ့  စာအုပ်ကို ယူပြီး သူ့နာမည်ကို ဖျက်လိုက်ပါတယ်။ ပြီးတော့ အောက်ဆုံးမှာ ပြန်ထည့်ရေးလိုက် ပါတယ်။
နောက်တော့ သေမင်းက အိပ်ယာက နိုးလာပြီး ယခုလို စကားဆိုပါတယ်။
"မိတ်ဆွေဟာ ကျနော့အပေါ် အင်မတန်ကောင်းမွန်တဲ့ လူသားပဲ။ ဒါကြောင့် စာရင်းကို အောက်ကနေပဲ စကောက်ပါတော့မယ်"
.
Ref:everyjoke
Subscribe to RSS Feed Follow me on Twitter!