Friday, October 16, 2015
             သတ္တိရှိတယ်ဆိုတာ အမှန်တရားကို မတ်တတ်ထပြီး စကားပြောတာဖြစ်သလို၊ ထိုင်ပြီး နားထောင်ပေးတာလည်းဖြစ်သည်။
    သတ္တိရှိတယ်ဆိုတာ မကြောက်တာမဟုတ်ဘူး။
    ကြောက်တာကို ကျော်လွှားနိုင်တာ၊ ကြောက်တာကို ခံနိုင်ရည်ရှိတာပါ။
                Mark Twain
    လက်စားချေတာ သတ္တိရှိတာ မဟုတ်ပါဘူး။
    ခွင့်လွတ်နိုင်တာကမှ သတ္တိရှိတာပါ။
                ကျော်ကျော်လှိုင်
    လူတစ်ယောက်ရဲ့ သတ္တိကို ဆုံးဖြတ်မယ်ဆိုရင် အရာရာအဆင်ပြေတဲ့အခါမှာ သူဘယ်လိုရပ်တည်တယ် ဆိုတာထက်၊ စိန်ခေါ်မှုတွေနဲ့ အငြင်းပွား
    စရာတွေ ကြုံရတဲ့အချိန် သူဘယ်လိုရပ်တည်တယ်ဆိုတာကို ကြည့်ရပါမယ်။
စိတ်ကူးယဉ်သမားနှင့် လက်တွေ့သမားရဲ့ ကွာခြားချက်ပါပဲ။
            ခိုင်မာတဲ့ သန္နိဌာန်မရှိသူကို ခေါင်းဆောင်လို့ ခေါ်လို့မရပါဘူး။ နေ့စဉ်အကျိုးရှိရှိ အလုပ်လုပ်မဲ့နာရီ၊ ကိုယ်ပိုင်အရည်အသွေးတွေတိုးတတ်အောင်လုပ်မယ်အစီအစဉ်၊အများအကျိုးကို  ရှေ့တန်းတင်ဆောင်ရွက်မယ့် စိတ်ဓာတ်တို့နှင့် ပက်သက်ရင် ခေါင်းဆောင်တိုင်းမှာ ခိုင်မာတဲ့ သန္နိဌာန်ရှိရပါမယ်။
        Stephen Gregg
        Chairman and CEO of Ethix Corp
    အခက်အခဲကို ကျော်လွှားနိုင်ဖို့ သန္နိဌာန်လိုပါတယ်။
    သန္နိဌာန်ချထားတဲ့ လူတစ်ယောက်က အခက်အခဲနဲ့တွေ့လို့
    ဘယ်နှစ်ကြိမ်ပဲ လဲကျပါစေ၊ ပြန်ထပြီး ဆက်ကြိုးစားပါလိမ့်မယ်။
            David McNelly
    သန္နိဌာန်ချထားပါတယ်လို့ ပြောရတာ လွယ်ပါတယ်။ တကယ်ခိုင်မာတဲ့ သန္နိဌာန်ဟုတ်မဟုတ်ကတော့ လုပ်ဆောင်ချက်ကို ကြည့်ရပါလိမ့်မယ်။
    မှတ်သားစရာ။    ။ ဘတ်စကက်ဘော အကျော်အမော်ကစားသမား Bill Bradley ဘီ(လ်) ဘရက်ဒလီသည် အသက် ၁၅နှစ်အရွယ်တုန်းက
    နွေရာသီ ဘစ်စကက်ဘောသင်တန်းကို တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် ဆရာက "ပွဲတိုင်းပွဲတိုင်းမှာ မင်းတို့ရဲ့အရည်အချင်းကို အစွမ်းကုန်
    သုံးချပြီး ကစားမယ်လို့ သန္နိဌာန်ချပြီးကစားပါ။ မကစားခဲ့ရင်တော့ မင်းနဲ့တူညီတဲ့ အရည်အချင်းရှိပေမယ့် သန္နိဌာန်ခိုင်မာတဲ့ ကစားသမားနှင့်တွေ့
    ရင် မင်းထက်သာသွားလိမ့်မယ်" လို့ပြောခဲ့ပါတယ်။ ဒီစကားလေး ဘီ(လ်) ဘရက်ဒလီရဲ့ ဘ၀ကို အကျော်အမော် ဘစ်စကက်ဘောသမားဖြစ်
    အောင် တွန်းပို့ပေးခဲ့တာပါပဲ။
တက္ကသိုလ်ဝင်တန်း မအောင်တဲ့ မိန်းကလေး တစ်ယောက်က တောရွာတစ်ရွာမှာ ဆရာမ သွားလုပ်ခဲ့တယ်။ ကျောင်းသားတွေ နားလည်အောင် စာကို ရှင်းမပြတတ်တော အလုပ် ထုတ်ခံလိုက်ရတယ်။ ပါးပြင်ပေါ် ကျလာတဲ့ မျက်ရည်တွေကို အမေက ပွတ်သပ်ပေးရင်း “သမီးနဲ့ သင့်တော်တဲ့ အလုပ်တစ်ခုတော့ ရှိမှာပါ” လို့ သူ့ကို နှစ်သိမ့်ခဲ့တယ်။
အဲဒီနောက် သူငယ်ချင်းတွေနဲ့ မြို့ပေါ်တက်ပြီး အလုပ်သွားလုပ်ခဲ့တယ်။ မကြာဘူး အင်္ကျီစ ညှပ်ရာမှာ နှေးကွေးလွန်းတယ် ဆိုပြီး အလုပ် ထုတ်ခံလိုက်ရပြန်တယ်။ “မကျွမ်းကျင်သေးတဲ့ အလုပ်မှာ စစချင်း နှေးကွေးတာ ဘာမှမဖြစ်ဘူး။ သမီးက ဘာမှ မလုပ်ဖူးဘဲ ကျောင်းပဲတက်ခဲ့လို့ ဖြစ်လိမ့်မယ်” လို့ အမေက သူ့ကို နှစ်သိမ့်ပြန်တယ်။
အလုပ်ပေါင်းစုံ သူလုပ်ခဲ့တယ်။ အလုပ်တိုင်း တစ်ဝက်တစ်ပျက်နဲ့ ထုတ်ခံလိုက်ရတာချည်းပဲ။ စိတ်ပျက် အားငယ်ပြီး အိမ်ပြန်လာတဲ့ သူ့ကို အမေက အပြစ်မတင်ဘဲ အမြဲနှစ်သိမ့် အားပေးခဲ့တယ်။
သူအသက် ၃ဝမှာ တတ်ထားတဲ့ ပညာလေးနဲ့ ဆွံအ နားမကြားကျောင်းမှာ ဝင်လုပ်ခဲ့တယ်။ အဲဒီနောက် မသန်မစွမ်း ကလေးတွေအတွက် ကျောင်းတစ်ကျောင်း ဖွင့်နိုင်ခဲ့တယ်။ နောက်ထပ် မသန်မစွမ်းသူတွေ သုံးစွဲနိုင်တဲ့ ပစ္စည်းတွေကို ဖြန့်ဝေခဲ့တယ်။ အခုဆိုရင် သူဟာ အောင်မြင်တဲ့ သူဌေးတစ်ဦး ဖြစ်ခဲ့ပါပြီ။
တစ်နေ့မှာ အောင်မြင်တဲ့ သမီးတစ်ဦးက အိုမင်းနေတဲ့ အမေရှေ့မှာ ထိုင်ပြီး နှစ်ရှည်လကြာ သူသိချင်ခဲ့တဲ့ မေးခွန်းတစ်ခုရဲ့ အဖြေကို မေးခဲ့တယ်။ အဲတာက သူကျရှုံးနေတဲ့အချိန်၊ အနာဂတ်တွေ မဲမှောင်နေတဲ့ အချိန်၊ ရှေ့ဆက်ဖို့ လမ်းတွေ ပျောက်နေတဲ့ အချိန်မှာ အမေက ဘာအကြောင်းကြောင့် သူ့အပေါ် ယုံကြည်မှုတွေ ရှိနေသေးသလဲ? ဆိုတာဖြစ်တယ်။
အမေရဲ့ အဖြေက ရိုးရိုးလေးပါ။ အမေက ပြောတယ်.. ” မြေတစ်ကွက်မှာ ဂျုံစိုက်လို့ မဖြစ်ထွန်းရင်၊ ပဲပြောင်း စိုက်ကြည့်ပါ။ ပဲစိုက်လို့လဲ မဖြစ်ထွန်းရင် နေကြာ စိုက်ကြည့်ပါ။ နေကြာစိုက်လို့လဲ အဆံတွေ မပြည့်ခဲ့ရင် တစ်ခြားအပင် ပြောင်းစိုက်ကြည့်ပါ။ ပန်းပွင့်မှာတော့ သေချာတယ်။ မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးပင်တစ်ပင်တော့ ရှိပါတယ်။ နောက်ဆုံးမှာ အောင်အောင်မြင်မြင်နဲ့ ရိတ်သိမ်း နိုင်ပါလိမ့်မယ်”
အမေ့ရဲ့ စကားကိုကြားတော့ သူငိုမိတယ်။ မိခင်ရဲ့ မေတ္တာ၊ ယုံကြည်မှုနဲ့ အားပေးမှုတွေက မျိုးမသန်တဲ့ ပျိုးတစ်ပင်ကိုတောင် အညှောင့်ပေါက်စေကြောင်း သူနားလည်လိုက်တယ်။
မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးတစ်ပင်တော့ ရှိပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာ ရှားစောင်းပင်တွေတောင် လှပတဲ့အပွင့်နဲ့ ရှင်သန်ပေါက်ရောက် နိုင်သေးတယ်။ ဘယ်နေရာ၊ ဘယ်ဒေသပဲ ရောက်ရောက် ကိုယ်နဲ့သင့်တော်တဲ့ နေရာတစ်ခုတော့ ရှိပါတယ်။ သင့်တော်တဲ့ နေရာမှာ ကိုယ်တတ်စွမ်း သလောက် လှပတဲ့ အပွင့်တွေကို ဖူးပွင့်ကြရအောင်….
Thursday, October 15, 2015
"ငါဟာ တစ်ချိန်က စစ်သည်ရဲမက် သိန်းသန်းပေါင်းများစွာကို ဦးဆောင်အမိန့်ပေးခဲ့တယ်။ အခုတော့ ငါ့ဘေးမှာ ဗလာနတ္တိ၊ငါဟာ တစ်ချိန်က တိုက်ကြီးသုံးတိုက်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အခုတော့ ခြေကုပ်ချဖို့ တစ်နေရာစာမရှိခဲ့ဘူး၊Jesus Christ က ငါ့ထက်အများကြီး အောင်နိုင်ခဲ့တယ်။ သူ့မှာ စစ်သည်ရဲမက်တစ်ယောက်မှ မရှိဘူး၊ မြေ တစ်လက်မလေးတောင် မသိမ်းပိုက်ခဲ့ဖူးဘူး၊ ဒါပေမယ့် သူ့ရဲ့တိုင်းပြည်ကို လူသိန်းသန်းပေါင်းများစွာရဲ့ရင်ထဲမှာ တည်ထားနိုင်ခဲ့တယ်"
မေတ္တာဆိုတာ လက်နက်ထက် ထက်ပြီး လူသားအားလုံးရဲ့စိတ်ဝိညာဉ်ကို သိမ်းပိုက်နိုင်တဲ့အရာပါ။
တစ်မျိုးဆက်ကနေ တစ်မျိုးဆက် လက်ဆင့်ကမ်းနိုင်တဲ့အရာကသာလျှင် တကယ့်အဓိပ္ပာယ်ရှိတဲ့အရာဖြစ်တယ်။
သိမြင်ခြင်း
    စစ်မှန်သောကြီးမြတ်ခြင်းသည် အောင်မြင်မှုအပေါ်၌သာမတည်ဘဲ သင့်အသက်တာအတွက် ဘုရားသခင်၏ အကြံတော်ကို ပြီးပြည့်စုံစေသည့် အပေါ်၌တည်သည်။
    ကြီးမားသောအလုပ်ဖြစ်ပါစေ၊ နိမ့်ကျသောအလုပ်ဖြစ်ပါစေ၊ ဘုရားသခင်ခေါ်တော်မူခြင်းအပေါ်၌ သစ္စာရှိခြင်းသည် သခင်ဘုရားအားပေးနိုင်သော အကြီးမားဆုံး ၀တ်ပြုကိုးကွယ်ခြင်းဖြစ်သည်။
သင့်ရဲ့ကောင်းသတင်း၊ မကောင်းသတင်းကို သင်ထိးချုပ်လို့မရပါ။ သင့်ပတ်ဝန်ကျင်ရဲ့လက်ထဲမှာရှိပါတယ်။ သင်ထိန်းချုပ်လို့ရတာ
သင့်ကိုယ်ကျင့်တရားပဲ ဖြစ်ပါတယ်။
    Dr. Wayne.W Dyer
    ကမ္ဘာကျောင်သိပ္ပံပညာရှင်ဆိုတာ ဥာဏ်အရည်အသွေးထက်မြက်လို့ဖြစ်တယ်လို့ လူတွေကဆိုကြတယ်။ မှားပါတယ်။ ကိုယ့်ကျင့်
တရားကောင်းလို့ပါ။
    အယ်(လ်)ဘတ် အိုင်စတိုင်း
    လူတိုင်းလိုလို အခက်အခဲကို ကြံ့ကြံ့ခံနိုင်ပါသည်။ လူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားကို စမ်းသပ်ချင်ရင်တော့ အာဏာကိုပေးကြည့်လိုက်ပါ။
    Abraham Lincoln
    သံမဏိလိုခိုင်မာတဲ ကိုယ်ကျင့်တရားမရှိပဲ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ လူတစ်ယောက်ဟာ၊ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ဖို့ အလွ
န်ခက်ခဲပါလိမ့်မယ်။ ကိုယ်ကျင့်တရားမှာ အက်ကြောင်းကလေးပေါ်လာတာကို ဂရုမစိုက်ရင်၊ ရေရှည်မှာအက်ကြောင်းက ပိုကြီးလာပြီး ဆုံးရှုံးမှုသာ များလာပါလိမ့်မယ်။
Wednesday, October 14, 2015
အရှုံးမကြုံပဲ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ နှစ်ခုက တခြားစီလို့ ထင်ရပေမယ့် အကြီးအကျယ် အောင်မြင်သူတွေဟာ အကြီးအကျယ် ရှုံးဖူးသူတွေပါ။ တခါမှ မရှုံးဖူးသူဟာ ဘာတခုမှ မကြိုးစားဖူးတဲ့သူပါ။ ကြိုးစားကြည့်လေလေ အရှုံးတွေ့လေလေပါ။ ရှုံးပါများတော့ ပညာပိုရလာတယ်။ သိတာလေးကို အသုံးချလိုက်တော့ ပိုအောင်မြင်လာတယ်။
Dr. Bob Jones, Sr; က " အရှုံးထဲက ရထားဘီးဆင်၊ အောင်မြင်မှုဆီ ခရီးနှင်။ "တဲ့။  " Make Chariot wheels out of your failure, and ride them to success."
အောင်မြင်မှုတွေထဲက ကျွန်တော် ပညာမရဖူးဘူး။ အရှုံးတွေထဲကပဲ ပညာရနေတာပါ။  အရှုံးဆိုတာ တိုးတက်ဖို့ လမ်းစ အခွင့်အရေးပဲ။ တခုမဖြစ်ရင် တခြားတခုကိုပြောင်းပြီး ကြိုးစားကြည့်။ ဒါလည်း အဆင်မပြေသေးရင် နောက်တခု ကြိုးစားကြည့်။ မကြာခင် အဖြေတွေ့လာမယ်။
Thomas Edison မီးသီးထွင်တုန်းက အကြိမ် ၇၀၀ ကြိုးစားတာတောင် မအောင်မြင်ဘူးတဲ့။ မိတ်ဆွေတယောက်က "Mr. Edison အကြိမ် ၇၀၀ မအောင်မြင်တာတောင် ဘာကြောင့် လက်မလျှော့တာလဲ" လို့ မေးလာတယ်။
"အကြိမ် ၇၀၀ မအောင်မြင်တာမဟုတ်ဘူး။ မီးသီးမဖြစ်နိုင်တဲ့နည်း ၇၀၀ ရှာတွေ့တာပါ။" လို့ Edison က ပြန်ဖြေတယ်။ သူဟာ မီးသီးအပါအဝင် ဒီနေ့ခေတ် ကျွန်တော်တို့ ကောင်းစားဖို့ တီထွင်မှုပေါင်း တထောင့်တရာကျော်ကို လုပ်ဆောင်ခဲ့သူပါ။
စက်ဘီးစီးသင်တာကို မှတ်မိသလား။ အစမှာ ကောင်းကောင်းစီးတတ်သလား။ ဘယ်ရမလဲ။ တခြားသူတွေလိုပဲ လဲကျမှာပေါ့။ ကျွန်တော်လိုသာဆို မသက်သာလှဘူး။ ဒါပေမယ့် စီးတတ်ချင်တာကိုး။ ထပ်ကြိုးစားရတာပေါ့။ ခဏခဏ လဲတယ်။ နောက်ဆုံးမှ ကိုယ်ကိုထိန်းတတ်လာတဲ့အခါ မလဲတော့ပဲ အဝေးကြီးအထိ စီးတတ်သွားပြီ။
နောက်ကျတော့ လက်ကိုင်တောင် မကိုင်ပဲ၊ စီးချင်ရာ စီးနိုင်ပြီ။ အရှုံးတိုင်းဟာ အတွေ့အကြုံတခုကိုသင်ယူရတာပါ။  မရှုံးဖူးရင်တော့ အောင်မြင်မှာ မဟုတ်ဘူး။
ဒါကြောင့် ရှုံးလို့ စိတ်မပျက်နဲ့။ အရှုံးဆိုတာ အောင်မြင်မှုကို ဖြစ်စေမယ့် အထောက်အကူ instrument တခုပါ။        ။ 
  Sword of the Lord
Subscribe to RSS Feed Follow me on Twitter!