Monday, October 19, 2015

ဘ၀ဆိုတာ....
    မီတာတစ်ရာပြေးပွဲမဟုတ်ဘူး၊ မာရသွန်ပွဲဒီပွဲမှာ အနိုင်ရတဲ့သူတွေဟာ မင်းတို့ငါတို့လိုပဲ မမြန်ဘူး။
    ဒါပေမဲ့...
   ဇွဲနဲ့ မှန်မှန်လုပ်သွားကြတဲ့ လူတွေများတယ်။
                (ဟင်းဒရစ်)


    လုပ်ဆောင်ပါလျက်နဲ့ မအောင်မြင်တဲ့အခါတွေတိုင်းမှာ ကိုယ်အားစိတ်အားတွေ ကျဆင်းလာတယ်။
    နောက်တစ်ခါ အဲဒီအလုပ်ကို ထပ်မံပြီးတော့ လုပ်ဆောင်ဖို့ စိတ်ပါဝင်စားမှုနဲ့    စိတ်ဓာတ်တက်ကြွမှုတွေဟာအားနည်းလာကြတယ်။
        ဒါပေမယ့်....
  
ဘာကြောင့် မအောင်မြင်တာလဲဆိုတာကို မစဉ်းစားမိဘူး။
    တစ်ခါတစ်လေကြရင် မိမိနဲ့အတူတူ လျှောက်လှမ်းသွားကြတဲ့ သူတွေက အောင်မြင်သွားကြတဲ့ အခါတွေဆိုရင် ပိုပြီးတော့ စိတ်ဓာတ်အားငယ်လာပါတယ်။ ငါ့ကြမှ ကံဆိုးတာဟု မိမိကိုယ်ကို မိမိအပြစ်တင် မိလေ့ရှိပါတယ်။
   
  အဲဒီလိုအခါမျိုးတွေမှာ လူဟာ မအောင်မြင်တဲ့အကြောင်းရင်းတွေကို အသေအချာရှာဖွေပြီး (အားနည်းချက် ကို ပြုပြင်ကာ) ဇွဲရှိရှိစိတ်ရှည်ရှည်နဲ့ ကြိုးစားဖို့တော့ မေ့လျောနေတတ် ကြပါတယ်။
   
  တကယ်တမ်းအားဖြင့် အောင်မြင်မှုဆိုတာဟာ ဟင်းဒရစ် ပြောသလိုပါပဲ မာရသွန်ခရီးရှည်ကြီးပါ။
        လဲကျရင် ပြန်ထရပါမယ်။
        ပြီးတော့...... စိတ်ရှည်ရှည်ထပ်ကြိုးစားရပါမယ်။

Sunday, October 18, 2015

ဆေးရုံတစ်ခုထဲက အခန်းတစ်ခန်းထဲမှာပေါ့။ လူနာ ၂ ယောက်အတူနေတယ်။ တစ်ယောက်က အဝင်တံခါးဝမှာ။ တိုက်ပွဲ ဗုံးဒဏ်၊ ကျည်ဒဏတ်ကြောင့် မျက်လုံး ပက်တီးစီးထားရပြီး တစ်ကိုယ်လုံး ကြေမွနေသူ။ အသက်ရှင်ဖို့ စိတ်အားပြင်းထန်မှ လူပြန်ဖြစ်မယ့်အနေအထားတစ်ခုမှာ ဖြစ်ပါတယ်။


တစ်ယောက်ကတော့ သူ့ညာဘက်ခြမ်းမှာ။ တိုက်ပွဲက ရှေ့ တန်းအတူတက်တဲ့ ရဲဘော်ရဲဘက်ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် သူက ဆေးရုံအရင်ရောက်ထားသူမို့ နံရံဘက်အခြမ်းမှာ နေရာရနေသူ ဖြစ်ပါတယ။်
မျက်လုံးမမြင်၊ လှုပ်ရှားဖို့ခက်ခဲတဲ့ သူက နံရံဘက်ကလူကို မေးတယ်။ “ဘာတွလုပ်နေလဲ ကိုယ့်လူ”
“အပြင်မှာ ကလေးလေးတွေဆော့တာ ကြည့်နေတာ”
“အဲ့ဘက်မှာ ပြတင်းပေါက်ရှိတယ်လား”
“ဒါ့ပေါ့ သယ်ရင်းရ၊ နေဝင်ချိန်မို့လားမသိ၊ တောင်တန်းဘက်မှာ နီထိန်ထိန် မြင်ကွင်းလေးက အတော်လေး ကြည့်ကောင်းတယ်ကွ၊
ဟောဟိုမှာ ပန်းခြံထဲ င့ါမိသားစုတွေ လက်လှမ်းပြနေတယ်။ မင်းအိပ်နေတုန်း င့ါကို ဝင်တွေ့သွားတာလေ”

ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ပြတင်းပေါက်နေပြီးတော့ အပြင်ဘက်က မြင်ရတဲ့ ပတ်ဝန်းကျင် နဲ့ အကြောင်းအရာ များကို စီပါပတ်ကုံးပြောပြီး အရမ်းလှပနေတာ သူ့ကို မြင်စေချင်ကြောင်း၊ မြန်မြန်နေကောင်းအောင် အားတင်း၊ အသက်ရှင်ဖို့လည်း တိုက်တွန်းပါတယ်။
ဒါနဲ့ မျက်စိပတ်တီးစည်းထားပြီး တစ်ကိုယ်လုံး လှုပ်ရခဲနေသည့်တိုင် အပြင်သဘာဝအလှတွေကို တစ်ခေါက် ပြန်လည် တွေ့နိုင်ဖို့ အသက်ရှင်ရမယ်ဆိုတဲ့ ယုံကြည်ချက်လေး မွေးဖွား လာပါတယ်။ ဒါနဲ့ ဆေးလည်း ပုံမှန်သောက်ပြီး ကျန်းမာဖို့ အားတင်းရင်း နေ့တိုင်း ပြတင်းပေါက်တစ်ဖက်က မြင်ကွင်းအကြောင်းကို မေးမြန်းပါတယ်။
တစ်နေ့ သူပြန်နေကောင်းပါပြီ။ မျက်လုံးပတ်တီးဖွင့်ပြီး တစ်ကိုယ်လုံးက ကျောက်ပတ်တီးဖြေလိုက်ချိန် သူ့ဘေးမှာ ရှိနေတဲ့ လူကို မမြင်ရတော့လို ဘယ်ရောက်သွားလဲမေးတယ်။ ပိုပြီးတော့ အံ့သြတာ တစ်ခုက အဲ့ဘေးမှာ ပြတင်းပေါက် ရှိမနေခြင်းပါ။ ဒါကြောင့် မေးခွန်းပေါင်း များစွာနဲ့ သူနာပြုကို မေးပါတော့တယ်။ သူနာပြုကတော့ အောက်ပါအတိုင်း ပြန်ဖြေပေးပါတယ်။
“ရှင့်ရဲဘော်က ဆေးရုံအရောက်စောပေမယ့် ကံကတော့ မကောင်းရှာဘူး။ မျက်လုံးလည်း မမြင်ရဘူး။  သွေးကင်ဆာ ပြန်ဖောက်လာတာမို့ ရက်ပိုင်းပဲ အသက်ရှင်ဖို့ကျန်တော့တဲ့လူ၊ မနေ့လေးတင် ဆုံးသွားလို့ အခန်းကနေ သယ်ထုတ်ပြီးသွားပြီ။ ရှင်က စိတ်ဓာတ်ခိုင်မှ အသက်ရှင်ရမယ့်သူမို့ အားပေးစကား နေ့တိုင်းပြော ပေးတာပါ၊ နံရံမှာ ပြတင်းပေါက်မပါတဲ့ အချက်အတွက်ကတော့ စိတ်မရှိပါနဲ့”
Ref: kfacts.
သင်ခန်းစာ -
လူတွေဟာ ကိုယ်တစ်ယောက် ဒုက္ခရောက်နေပြီဆိုရင် ပတ်ဝန်းကျင်ရဲ့  လှပမှုကို မခံစားနိုင်တော့ဘူး။ မခံစားနိုင်တဲ့အပြင် တစ်ခါတစ်လေကျ ပတ်ဝန်းကျင်ကိုပါ ကိုယ့်ဒုက္ခ အပူတွေကို ဆီးကူးစေမိကြ ပါတယ်။ ကံကြမ္မာဆိုး တံခါးဝရောက်နေချိန် နောက်တစ်ယောက် ဝင်မရအောင် တံခါးမှာ ပိတ်ထားပေးဖို့ထက် ကိုယ်နဲ့ အတူ ဝင်စေဖို့ လက်ကမ်းခေါ်တတ်တဲ့ စိတ်ဓာတ်အား အဆိုးရွားဆုံးပဲ ဖြစ်ပါတယ်။
ကိုယ်တစ်ယောက်မှာ ဘယ်လိုအခက်တွေရှိနေရှိနေ၊ ဒုက္ခတွေ ရှိနေရှိနေ၊ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်ရာ သူတစ်ပါး အပေါ်မှာ အကြင်နာ၊ မေတ္တာတရားတို့နဲ့ စာနာ၊ ကူညီ၊ ပျော်ရွှင်စေတတ်မှုက တန်ဖိုးရှိသော ဘဝတစ်ခုကို တည်ဆောက်နိုင်လိုက်ခြင်းပဲ ဖြစ်ပါတယ။်
ပျော်ရွှင်စရာကောင်သော မိသားစု ဘဝလေးတွေကို ပိုင်ဆိုင်စေရန် ဒီစာလေးကို ရေးသား လိုက်ရပါတယ်။ လူတစ်ယောက် အတွက် စိတ်ချမ်းသာဖို့ ဆိုတာ အဓိကကျသော အခန်းကဏ္ဍ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ချမ်းသာဖို့ကို ဦးစားပေးပြီး နေထိုင်သင့်ပါတယ်။

 

(၁) လိုချင်တက်မက် မှုတွေကို တတ်နိုင်သလောက် လျော့ချပေးပါ
ယနေ့ခေတ်ဟာ လူတွေအတွက် လိုချင်စရာတွေ များပြားလှတဲ့ ခေတ်ဖြစ်ပါတယ်။ ဒါကြောင့် လိုချင်တာကို မရတဲ့ အခါမှာ မိမိပဲ စိတ်ဆင်းရဲ ရပါလိမ့်မယ်။ မိမိအတွက် တကယ်လိုအပ်မယ် ထင်တဲ့ အရာများကိုသာ ဖြည့်စွမ်းပါ။ သို့မှသာ စိတ်ချမ်း သာပါလိမ့်မယ်။

(၂) စိတ်ဆင်းရဲစေမည့် ကိစ္စမျိုးတွေကို တတ်နိုင်သလောက် ရှောင်ပါ
မိမိအတွက် စိတ်ဆင်းရဲစေမည့် အလုပ်မျိုးတွေကို တတ်နိုင်ရင် ရှောင်ကြဉ်ပြီး လုပ်စေချင်ပါတယ်။ တစ်ခါတစ်လေ ငွေများများရမယ့် စိတ်ဆင်းရဲရတဲ့ အလုပ်မျိုးတွေကို ကြုံလာရတတ်ပါတယ်။ အဲဒီအခါမှာ အရာရာကို ငွေကိုချဉ်းပဲ ဦးစားမပေးပါနဲ့။

(၃) ဆွေးနွေးတိုင်ပင်လိုက်ပါ
စိတ်ထဲမှာ မွမ်းကျပ်ပြီး အဖြေထုတ်ရခက်တဲ့ ကိစ္စမျိုးတွေ ပေါ်လာရင် ဇနီး၊ ခင်ပွန်း၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ယုံကြည်အားကိုးတဲ့သူ အစရှိသော သူတို့ထံကို တိုင်ပင်ခြင်းဟာ မိမိရဲ့ စိတ်မွမ်းကျပ်မှုတွေကို လျော့ချပေးနိုင် ပါလိမ့်မယ်။

(၄) စိတ်ကိုပျော်ရွှင်စေမည့် နေရာများသို့ သွားပါ
တစ်နှစ်မှာ တစ်ကြိမ်လောက် ဖြစ်ဖြစ် ခရီးထွက်လိုက်ပါ။ ဘာလို့လဲဆိုတော့ အလုပ်ခွင်ထဲမှာ အမြဲတန်းလုပ်နေရတဲ့ အတွက် စိတ်ထဲတွင် ငြီးငွေ့မှုတွေကို ခံစားရနိုင်ပါတယ်။ ခရီးထွက် လိုက်ခြင်း အားဖြင့် အတွေးအခေါ်အသစ်တွေ ထွက်လာနိုင်တဲ့ အပြင် မိမိ၏ စိတ်ကိုလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲ စေနိုင်ပါလိမ့်မယ်။

(၅) အားကစားကို တတ်နိုင်သလောက် လိုက်စားပါ
မိမိတို့အိမ်မှာ ဖြစ်နိုင်ရန် အားကစားလုပ်ဖို့ အတွက် နေရာတစ်ခုလောက် ထားရှိပေးရင် အကောင်းဆုံးပါ။ ကျန်းမာရေးဟာ မိသားစု တစ်စုလုံးအတွက် အရေးကြီးသော ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ အားကစားများကို တစ်မိသားစုလုံး လိုက်စားပါက ရောဂါများကင်းဝေကာ ပျော်ရွှင်စရာ ကောင်းသော မိသားစု ဘဝလေးကို ပိုင်ဆိုင် နိုင်ပါလိမ့်မယ်။ 

Saturday, October 17, 2015

လူတစ်ယောက်ဆီကို သေမင်းရောက်လာပီး ယခုလို စကားဆိုပါတယ်။
"မိတ်ဆွေ၊ ဒီနေ့ဟာ မင်းလူ့လောကကို စွန့်ခွာရမယ့်အချိန်ပဲ"
ဒါနဲ့ ယင်းလူသားဟာ "ဟင့်အင်း။ ကျနော် အဆင်သင့်မဖြစ်သေးဘူး" လို့ ပြန်ပြောပါတယ်။




ဒီတော့ သေမင်းက "မတတ်နိုင်ဘူး။ မိတ်ဆွေရဲ့ အမည်က ထိပ်ဆုံးမှာပဲလေ" လို့ဆိုပါတယ်။
ဒါကြောင့် လူသားက သေမင်းကို ယခုလို မျက်နှာချိုသွေးပြီး ဧည့်ခံစကား ဆိုပါတယ်။
"ဟုတ်ပြီလေ။ ဒါနဲ့ ခဏစောင့်ပါအုံး။ ထိုင်ခုံမှာ အေးဆေးထိုင်ပါအုံးဗျာ။ လူကြီးမင်းကို ကျနော်ပြုစုချင်သေးလို့ပါ"
ဒါနဲ့ သေမင်းကလည်း ထိုင်ခုံမှာထိုင်ပြီး လူသား ကျွေးသမျှ မုန့်၊အစားအစာ များကို စားသုံးပါတယ်။  အချိုရည်ထဲမှာ အိပ်ဆေးတစ်လုံး ထည့်ထားလိုက်ပါတယ်။ ဒါကြောင့် အိပ်ဆေးမိတဲ့ သေမင်းဟာ အိပ်ပျော်သွားပါတယ်။
ဒါနဲ့ လူသားက သေမင်းရဲ့  စာအုပ်ကို ယူပြီး သူ့နာမည်ကို ဖျက်လိုက်ပါတယ်။ ပြီးတော့ အောက်ဆုံးမှာ ပြန်ထည့်ရေးလိုက် ပါတယ်။
နောက်တော့ သေမင်းက အိပ်ယာက နိုးလာပြီး ယခုလို စကားဆိုပါတယ်။
"မိတ်ဆွေဟာ ကျနော့အပေါ် အင်မတန်ကောင်းမွန်တဲ့ လူသားပဲ။ ဒါကြောင့် စာရင်းကို အောက်ကနေပဲ စကောက်ပါတော့မယ်"
.
Ref:everyjoke
"ငါအသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား သာ၍ အကျိုးရှိ၏။ ဖိ ၁း၂၁။ "



    သိမြင်ခြင်း။    ။ ဘုရားသခင်အတွက် တစ်စုံတစ်ရာကို ပြီးစီးအောင်မြင်စေသောသူတိုင်းသည် နာကျင်မှုဝေဒနာကို ခံနိုင်ရည်ရှိရန်အတွက်  နောက်တစ်မိုင်သွားလိုခဲ့ကြသည်။ အလွယ်လမ်းသို့ လိုက်ခြင်းသည် ပညာရေး၌ ၄င်း၊ စီးပွားရေး၌၄င်း ဘုရာသခင်အတွက် လောကီသားများကို ရရှိရေး၌လည်းကောင်း အောင်မြင်မှု အကျိုးမဖြစ်ထွန်းစေပါ။
သင့်ဖယောင်းတိုင်နဲ့ နောက်ဖယောင်းတိုင်တစ်ခုကို မီးကူးပေးတဲ့အတွက် သင့်ဖယောင်းတိုင်မှာ ဆုံးရှူံးမှုတစ်ခုမှ မရှိပါဘူး။







လူတစ်ယောက်ဟာ သူများပေးကမ်းလှူဒါန်းတာကို ယူတဲ့အတွက် ဂုဏ်ပြုခံရတယ်ဆိုတာ မရှိပါဘူး။
        သူ ပေးကမ်းလှူဒါန်းတဲ့အတွက်ပဲ ဂုဏ်ပြုခံရပါတယ်။
                            Calvin Coolidge ( အမေရိကန်သမ္မတ)

        ပေးကမ်းလှူဒါန်းခြင်းဟာ ဘ၀မှာ အမွန်မြတ်ဆုံးအလုပ်တစ်ခုပါပဲ။
                John C. Maxwell

        ကျွန်တော်တို့ ရှာဖွေလို့ရတဲ့ ငွေကြေးဥစ္စာနဲ့ အသက်ရှင်ရပါတယ်။
        ဒါပေမယ့် ဘ၀ကိုတော့ ကျွန်တော်တို့ စွန့်လွှတ်ပေးကမ်းတာနဲ့
        တည်ဆောက်ရပါတယ်။
                Winston churchill

Friday, October 16, 2015

အာရုံစူးစိုက်မှုကောင်းမှ အောင်မြင်မှုရဖို့ သေချာမယ်။

    "ငါးရံ့နှစ်ကောင် တစ်ပြိုင်တည်းဖမ်းရင်တော့ နှစ်ကောင်စလုံးလွတ်လိမ့်မယ်"
                မြန်မာစကားပုံ

    ကျွန်တော်ရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံအချက်အလက်တွေအတွက် အမှတ်ပေးရမယ်ဆိုရင် ကျွန်တော်ရဲ့ ပင်ကိုယ်စွမ်းရည်ထက် အချိန်ပေးပြီး အာရုံစူးစိုက်ခဲ့တာကို ပေးရပါလိမ့်မယ်။
                    Issac Newton




    မှတ်သားစရာ။    ။ ဆပ်ကပ်ထဲမှာ ကျားတွေ၊ ခြသေ့င်္ံတွေကို ဆပ်ကပ်ပြတဲ့သူ ခြသေ့င်္ံအိမ်ထဲကိုဝင်ရင် ခြေထောက် ၄ ချောင်း ထိုင်ခုံကို ယူသွား                    လေ့ရှိပါတယ်။ ဘာကြောင့်ပါလဲ။
            ထိုင်ခုံရဲ့ ခြေထောက်တွေကို ခြသေ့င်္ံမျက်နှာဖက်ကိုလှည့်ပြီး ကိုင်ထားတဲ့အခါ ခြသေ့င်္ံက ခြေထောက် ၄ချောင်းကို
            တစ်ချိန်တည်းမှာ အာရုံစူးစိုက်ပြီး ကြည့်ပါတယ်။ ကွဲပြားနေတဲ့ ခြေထောက် ၄ ချောင်းကို အာရုံစူးစိုက်ဖို့ ကြိုးစားနေတဲ့ခြသေ့င်္ံက
            ဆပ်ကပ်ပြတဲ့သူကို သတိထားဖို့ ခက်သွားပါတယ်။
            ကျွန်တော်တို့ မြန်မာစကားပုံမှာလည်း "ငါးရံ့နှစ်ကောင် တစ်ပြိုင်တည်းဖမ်းရင်တော့ နှစ်ကောင်စလုံးလွတ်လိမ့်မယ်"ဆိုတာရှိပါတယ်။
            အာရုံစူးစိုက်မှုဆိုတာ တစ်ကြိမ်မှာ တစ်နေရာတည်းပဲ ရှိရပါမယ်။
Subscribe to RSS Feed Follow me on Twitter!