Wednesday, October 14, 2015
တစ်ခါတုံးက တရုတ်ပြည်မှာ ရေထမ်းတဲ့လူ တစ်ယောက်ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။
အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်းကနေ သူ့အိမ်ဘက် ရေသယ်လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက်ပဲ ပါသတဲ့။
ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ်အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်းကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။
ဒီလိုနဲ့ အိမ်ရောက်ရင် အိုးတစ်လုံး နဲ့ တစ်ဝက် ပဲ… ရေသယ်လာလိုက်တာ နှစ်နှစ်လောက် ကြာ သွားသတဲ့။ ဒီတော့ အိုးအကောင်းလေး က သူ့ ကိုယ်သူ သိပ်ဂုဏ်ယူသတဲ့။ ငါက အပြစ်အနာအဆာမရှိဘူး… ဒါကြောင့် များများ သယ်နိုင်တယ် လို့ အထင်ရှိနေတယ်တယ် တဲ့။ အက်နေတဲ့ အိုးကလေးက စိတ်ထဲမှာ တော်တော်လေး သိမ်ငယ် နေရှာ တယ်။ အော်.. ငါ့မှာ အားနည်း ချက်ရှိတယ် …သူများလို အပြည့်မသယ်နိုင်ဘူး… တစ်ဝက်ပဲ သယ်နိုင်တယ် ပေါ့။ ၀မ်းနည်းလဲဝမ်းနည်း နေတယ်တဲ့။
ဒီလိုနဲ့ တရက်မှာ အက်နေတဲ့ အိုးကလေးက ရေထမ်းသမား ကို ရင်ဖွင့် ရှာတယ်။ သခင်ရယ်… ကျွန်တော် သခင့်ကို တောင်းပန်ချင်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ရှက်မိပါတယ်။ သခင်ကတော့ သခင့်ဘက်က အပြည့်အ၀ အားစိုက်ပြီး ရေသယ် ရတယ်။ ဒါပေမဲ့ ကျွန်တော့် ဘေးဘက်မှာ ရှိတဲ့ အက်ကြောင်းလေး ကြောင့် သခင်သယ်သမျှ ရေတွေ အပြည့်မရဘူး… တစ်ဝက်က အလဟဿ ဖြစ်ရတယ်… လို့ ၀မ်းနည်း ပက်လက်နဲ့ ပြောမိတယ်။
အဲဒီအခါမှာ ရေထမ်းသမားက ဘယ်လိုပြန်ပြောသလဲဆိုတော့… အိုးကလေး… မင်းကြည့်လိုက်စမ်း…. ရေခပ်လမ်း တလျှောက်မှာ မင်းရှိတဲ့ ဘက်ခြမ်း တစ်လျောက်လုံး ပန်းတွေပွင့်နေတာ မင်းသတိပြုမိရဲ့လား… တဲ့။ ငါက မင်း ရေစိမ့်နေ တယ်ဆိုတာ သိတာပေါ့။ ဒါကြောင့် မင်းရှိတဲ့ ဘက်ခြမ်းမှာ ပန်းမျိုးစေ့တွေ ချထားခဲ့တယ်။ နှစ်နှစ်လုံးလုံး ရေခပ်လမ်း ကအပြန်မှာ မင်း က ဒီပန်းပင်လေးတွေကို ရေမှန်မှန် လောင်းပေးခဲ့တယ်။ အခုဆိုကြည့်စမ်း … လှပတဲ့ ပန်းတွေပွင့်နေပြီ။ အိမ်မှာလည်း ပန်းအိုးလေးတွေ မှာလည်း ပန်းတွေ နဲ့ အလှဆင်နိုင်ပြီ… မင်းသာမရှိရင် ဒီလို ပန်းပွင့်လေးတွေနဲ့ ကျက်သရေ ရှိတဲ့ အိမ် ဖြစ်လာပါ့မလား။ စဉ်းစားကြည့်စမ်း…
သင်ခန်းစာ ။ ။ လူတိုင်းမှာ အားနည်းချက် လေးတွေ ကိုယ်စီ ရှိပါတယ်။ ဒါပေမယ့် ဒီအားနည်း ချက်ကလေး တွေ ရှိနေတာကြောင့်ပဲ ပိုပြီး unique ဖြစ်လာတယ်…ပိုပြီး ချစ်စရာလည်း ကောင်းပါတယ်။ ဒီအားနည်းချက်အတွက် သဘာဝတရားကြီးက အစားတစ်ခုခုလည်း ပြန်ပေးတတ်ပါတယ်။ ဒါပေမယ့် မြင်သာချင်မှ လည်း မြင်သာမယ်၊ ချက်ခြင်း ရချင်မှလည်းရမယ်။
Tuesday, October 13, 2015
I Cor 13: 13
ဒီကျမ်းပိုဒ်ကို ဖတ်တဲ့အခါမှာ ယုံကြည်ခြင်း ၊ မျှော်လင့်ခြင်း ၊ ချစ်ခြင်း ဆိုတဲ့ အရာ သုံးခုကို တွေ့နိုင်ပါတယ်။လောကမှာ အသက်ရှင်တဲ့အခါမှာ ကောင်းကြီးမင်္ဂလာ ခံစားဖို့အတွက် ဒီအရာတွေဟာ အဓိကကျပါတယ်။ဘယ်သူမဆို ကောင်းကြီးမင်္ဂလာ မခံစားချင်တဲ့လူဆိုတာ မရှိပါဘူး။ဒါ့ကြောင့် ဘုရားပေးတဲ့ ကောင်းကြီးမင်္ဂလာ ရဖို့အတွက် ဒီအရာ သုံးခုကို ဘယ်လို အသုံးပြုမလဲဆိုတာ ဝေငှသွားပါ့မယ်။
       ၁။ ယုံကြည်ခြင်း
            ကျွန်တော်တို့ ဒီကျမ်းပိုဒ်ကို ဖတ်တဲ့အခါမှာ ယုံကြည်ခြင်း အကြောင်းကို တွေ့ရပါတယ်။ယုံကြည်ခြင်းဆိုတာ ခရစ်ယာန်တိုင်း သိထားပြီးသားပါ။ခရစ်တော်ကို ယုံကြည်မှသာ ထာဝရအသက်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
         ကျွန်တော်တို့ ခရစ်ယာန်တွေ Sunday တိုင်းမှာ ဘုရားကျောင်း အမြဲသွားတိုင်းလည်း ယုံကြည်တယ်လို့ မဆိုနိုင်ပါဘူး။ကျွန်တော် အသက် ၁၂ နှစ်ပြည့်တော့ အမေက " ပါးဘင် မင်း အသက် ၁၂နှစ်ပြည့်ပြီဆိုတော့ ရေနှစ်ခြင်းခံ            ဖို့ လိုပြီ " လို့ပြောပါတယ်။ဒါနဲ့ပဲ ကျွန်တော် အသက် ၁၂ နှစ်မှာ ရေနှစ်ခြင်း မင်္ဂလာကို ခံယူပါတယ်။အဲဒီတုန်းကတော့ နှစ်ခြင်းခံပြီဆိုတော့ ဘုရားကျောင်းမှာ တစ်လတစ်ခါ ပွဲတော် မင်္ဂလာ ယူလို့ရပြီဆိုပြီးပျော်တာပေါ့။ဒါပေမဲ့ ဘာ ဖြစ်လို့ရေနှစ်ခြင်း ခံယူတာလဲ၊ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုဆက်လက် နေထိုင်ရမှာလဲ ဆိုတာတွေကို မစဉ်းစားခဲ့တာတော့ အမှန်ပါ။အသက်ငယ်သေးတာလဲ ပါရင်ပါမှာပေါ့။အမေပြောတော့ နှစ်ခြင်းခံပြီးရင် တမလွန်ခရီး လှပြီတဲ့။       ကြီးလာတော့မှ နှစ်ခြင်းခံယုံနှင့် မလုံလောက်တော့ဘူးဆိုတာ သိလာတယ်။တကယ်တော့ ကောင်းကင်နိုင်ငံ ၀င်စားရဖို့က သခင်ယေရှုကို စိတ်နှလုံး အကြွင်းမဲ့ ယုံကြည်မှသာ ၀င်စားခံရမှာပါ။
Lk 18:8 မှာ သခင်ယေရှုက ပြောပါတယ် "  လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လော.." လို့ သခင်ယေရှုက ပြောထားပါတယ်။ဒီကျမ်းပိုဒ်ကို သေချာစဉ်းစားကြည့်မယ်ဆိုရင် သူကြွလာတဲ့အခါ လူတစ်ယောက်ကမှ သူ့ကို ယုံကြည်မှာ မဟုတ်ဘူးလို့လည်း ယူဆလို့ရပါတယ်။ဆိုတော့ ဒီနေ့ ကျွန်တော်တို့တွေ သေချာ စမ်းစစ်ဖို့ လိုအပ်လာပါပြီ။နောက်ဆုံးသော ကာလလည်းဖြစ် ၊ ချီဆောင်ခြင်းနေ့ရက်ကလည်း နီးနေပြီ ဒါ့ကြောင့် သခင်ယေရှုခရစ်တော်ကို လုံးဝ ရာနှုံးပြည့် ယုံကြည်ပြီလားဆိုတာ ကျွန်တော်တို့ သေချာ စမ်းစစ်ရပါမည်။သို့မှသာ တမလွန်အရေး စိတ်ချရပါမည်။
အခုလို နည်းပညာခေတ်ကြီးထဲမှာဆိုရင် တချို့က ယုံကြည်ဖို့ တွန့်ဆုတ်တတ်ကြပါတယ်။သိပ္ပံနည်းအရ ၊ ယုတ္တဗေဒနည်းအရ မဖြစ်နိုင်ဘူး စသဖြင့် ဆင်ခြေဆင်လက်တွေ
ပေးတတ်ကြပါတယ်။ဘုရားမဲ့ဝါဒီတွေကလည်း သမ္မာကျမ်းစာကို မမှန်ကန်တဲ့အကြောင်းတွေကို သက်သေပြနိုင်ဖို့အတွက် လေ့လာရှာဖွေကြပါတယ်။ဒါတွေကို ကျွန်တော်
တို့က လိုက်ပြီးယုံကြည်နေဖို့ မဟုတ်ပါဘူး။
ကျွန်တော် website တစ်ခုမှာ ဖတ်ရတယ်။ နှစ်ပေါင်း ၁၅၀၀ လောက် သက်တမ်းရှိတဲ့ ကျမ်းစာကို Turkey နိုင်ငံမှာ သုတေသနရှာဖွေသူတွေကတွေ့ကြတယ်။ပြီးရင် အဲဒီ ကျမ်းစာထဲမှာက တမန်တော် Barnabas က သခင်ယေရှုခရစ်တော်ဟာ ရှင်ပြန်ထမြောက်ခြင်း မရှိဘူးလို့ပြောပြီး ၊ တမန်တော် ရှင်ပေါလုဟာဆိုရင် ဟန်ဆောင် လိမ်ညှာပြီး
လိုက်လံတရားဟောတဲ့သူလို့ ဆိုထားပါတယ် ဆိုပြီး ဖတ်ရတယ်။
ဒါကို ကျွန်တော်တို့က လိုက်ယုံကြည်နေဖို့ မဟုတ်ပါဘူး။ဒါဟာ စာတန်ရဲ့ လုပ်ဆောင်ချက်သာ ဖြစ်ပါတယ်။နောက်ဆုံးသောကာလမှာ စာတန်ကလည်း လူတွေ ကောင်းကင်နိုင်ငံရောက်သွားမှာကို သိပ်ကြောက်ပါတယ်။ဒါ့ကြောင့် သူက နည်းလမ်းပေါင်းမြောက်များကို အသုံးချမှာ ဖြစ်တဲ့အကြောင်းကို ကျွန်တော့်တို့ အမြဲသိထားရပါ့မယ်။စာတန်ရဲ့ နည်းပရိယာယ်တစ်ခုပါပဲ။အရေးအကြီးဆုံးကတော့ ကျမ်းစာရဲ့ သွန်သင်ချက်တွေဟာ အမှန်ကန်ဆုံး မမှားနိုင်ဘူးဆိုတာကို ယုံကြည်နေဖို့ပါပဲ။သူတို့တွေ့တဲ့ ကျမ်းစာ ထက် ကျွန်တော်တို့ အခုလက်ရှိ သုံးနေတဲ့ ကျမ်းစာ ပိုပြီး သက်တမ်းရင့်ပါတယ်။
မိမိကိုယ်ကို အမြဲတမ်း ယုံကြည်ခြင်းကို စမ်းစစ်နေဖို့ လိုအပ်ပါတယ်။ဝတ္တရားအရ ၀တ်ပြုနေတာတွေ ၊ ချီးမွမ်းနေတာတွေဟာ ယုံကြည်ခြင်း မဟုတ်ပါဘူး။ဒီနေ့လို နည်းပညာ ခေတ်ကြီးထဲမှာ အရာရာဟာဆိုရင် တိုးတက်ပြောင်းလဲနေပါတယ် ၊ တစ်နေ့ပြီး တစ်နေ့ တိုးတက်မှုက အရမ်းကို မြန်နေပါတယ် ။ ဒါ့ကြောင့် ဒီလို တိုးတက်ပြောင်လဲနေခြင်း
သည် သမ္မာကျမ်းစာ ပြည့်စုံဖို့ ဖြစ်ပါတယ်။ဒီလိုခေတ်ကြီးထဲမှာ ကျွန်တော် ဘာကို ၊ ဘယ်သူ့ကို ယုံကြည် ကိုးကွယ်နေတာလဲဆိုတာ တိတိကျကျ ကိုယ့်ကိုကိုယ် သိနေဖို့ အရေးကြီးဆုံး လိုအပ်ချက်ပါပဲ။
လောကမှာအောင်မြင်ခြင်းရဖို့က ကြိုးစားဖို့ လိုတယ်ဆိုပေမယ့် ၊ အဲဒီကြိုးစားမှုဟာ ဘုရားသခင်အပေါ်ကို အမှီပြုရပါမယ့် ဒါမှ ကျွန်တော်တို့ရဲ့ကြိုးစားခြင်းသည် ပိုပြီးတော့ 
အကျိုးရှိပါလိမ့်မည်။ Hebrews 10: 1 မှာဆိုရင် ယုံကြာ်ခြင်းဆိုတာ မမြင်ရသေးတဲ့ အောင်မြင်မှုတွေကို မြင်ရပြီလို့ သိမှတ်စွဲလမ်းခြင်းလို့ ပြောထားပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့တွေ ဘုရားသခင်ကို တကယ်ယုံကြည်ပြီး အောင်မြင်မှုကို ဆွတ်ခူးကြပါစို့။
၂။ မြော်လင့်ခြင်း
      Proverbs 10 : 28
    ကျွန်တော်တို့ ဒီကျမ်းပိုဒ်မှာတွေ့ရတဲ့ မြော်လင့်ခြင်းအကြောင်းကို ဆက်ပြီး ဝေငှသွားပါ့မယ်။ Proverbs 10 : 28 ထဲမှာဆိုရင် "ဖြောင့်မတ်သောသူ၏ မျှော်လင့်ခြင်းသည်
ဖြောင့်မတ်ရာသို့ရောက်ကြတဲ့သူတွေပါ။ကိုယ့်ရဲ့အကျင့်စာရိတ္တအားဖြင့် ဖြောင့်မတ်တာ မဟုတ်ပါဘူး။ဒါ့ကြောင့် ဘုရားသခင်ပေးမယ့် ကောင်းကြီးမင်္ဂလာတွေဟာ ကတိတော် အတိုင်း ပေးဖို့ ဘုရားသခင်ဟာ သစ္စာနှင့် ပြည့်စုံတဲ့ဘုရားဖြစ်ပါတယ်။ဒါ့ကြောင့် ကျွန်တော်တို့ရဲ့အောင်မြင်ခြင်း ၊ ၀မ်းမြောက်ခြင်း ကောင်းကြီးမင်္ဂလာ ခံစားရမယ့် မျှော်လင့်
ခြင်းတွေကို ဘုရားသခင်ဆီသို့သာ ဖြစ်သင့်ပါတယ်။
လူတစ်ယောက်ဆီကနေရမယ့် အကူအညီတွေကို မျှော်လင့်တာဟာ တကယ်ဖြစ်လာဖို့ ခဲရင်းပါတယ်။သို့သော်လည်း ဘုရားသခင်ကို မျှော်လင့်တာကျတော့ မဖြစ်ဘူးဆိုတာ
မရှိပါဘူး။သမီးရည်းစား နှစ်ယောက် ချိန်းတွေ့တော့ အရင်ရောက်လာတဲ့သူက နောက်ကျမှ ရောက်လာမည့်သူကို လည်ပင်း တဆန့်ဆန့်နဲ့ မျှော်တတ်ကြတယ်။ဒီလိုပဲ ရေတွက်လို့တောင်မှ မကုန်နိုင်မယ့် ကောင်းကြီးမင်္ဂလာတွေကို ပေးစွမ်းတဲ့ ဘုရားသခင်ကိုလည်း မျှော်လင့်တတ်ဖို့ လိုအပ်ပါတယ်။
လောကမှာရှိတဲ့အရာတွေကို မျှော်လင့်ရတာဟာ လူကို မောပန်းစေရုံသာမကပဲ ၀ိညာဉ်ကိုလည်း နွမ်းနယ်စေတတ်ပါတယ်။ဒါ့ကြောင့် ယုံကြည်သူ ညီအစ်ကို မောင်နှစ်မများ
ဘုရားသခင်ကိုသာ မျှော်လင့်စေချင်တယ်။မျှော်လင့်ချက်ကြီးကြီးမားမားထားပြီး အောင်မြင်အောင်ကြိုးစားခဲ့ပေမယ့် မျှော်သလို ဖြစ်မလာတဲ့အခါကျရင် စိတ်ဓါတ်ကျပြီး ကိုယ့်ကိုကိုယ် suiside လုပ်တဲ့သူတွေလည်း အများကြီးရှိပါတယ်။မျှော်တိုင်းရစေတာဟာ ဘုရားသခင်သာဖြစ်တယ်။ကိုယ်မမျှော်လင့်တဲ့အရာ ၊ မျှော်မထားရဲတဲ့ အောင်မြင်မှုတွေကို ဘုရားသခင်က ကျွန်တော်၊ကျွန်မတို့ကို ယနေ့တွင်ပင် ပေးသနားပြီလို့ ယုံကြည်မျှော်လင့်လိုက်ပါစို့။ဒါ့ကြောင့် ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းတွေကို သူ့ဆီကို ပုံအပ်ကြပါစို့လို့ ခွန်အားပေးချင်ပါတယ်။
၃။ ချစ်ခြင်းမေတ္တာ
       I Cor 13: 1 - 8
   ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး သမ္မာကျမ်းစာမှာ အများကြီးဖော်ပြပါတယ်။ဒီချစ်ခြင်းမေတ္တာဟာဆိုရင် စကြ၀ဠာ တစ်ခုလုံးမှာမှ အရေးအကြီးဆုံးအချက်ဖြစ်တယ်လို့ဆိုချင်
ပါတယ်။ဘုရားသခင်ကိုယ်တော်တိုင်က လူသားတွေအပေါ်မှာထားတဲ့ သူ့မေတ္တာကို လျစ်လျူမရှုနိုင်ပဲ ဒီလောကကို အသက်ပေးဖို့ ဆင်းသက်ခဲ့တာပါ။ဒါဟာ ကျွန်တော်တို့ သူတစ်ပါးအပေါ်မှာ မေတ္တာထားတတ်ဖို့အတွက် အကြီးဆုံး ဥပမာ တစ်ခုပါပဲ။
ကိုယ့်မိသားစုအပေါ်မှာ ၊ အပေါင်းအသင်းတွေပေါ်မှာ ၊ ငယ်ရွယ်သူတွေအပေါ်မှာ ၊ ကိုယ့်ရန်သူတွေအပေါ်မှာ မေတ္တာထားရမယ်လို့ သခင်ယေရှုက မိန့်မှာထားပါတယ်။
တစ်ချို့က အပြင်မှာ မိတ်ဆွေတွေနဲ့ပျော်ပျော်ပါးပါး သုံးဖြုန်းပြီး အိမ်မှာကျတော့ ငွေကုန်တယ် ၊ အဲဒါ အပိုတွေပါဆိုပြီး ပြောတတ်ကြပါတယ်။တကယ်တော့ ဒီလို မဖြစ်သင့်ပါဘူး။သူတစ်ပါးအပေါ်မှာ မေတ္တထားတာထက် ပိုကြီးမားတဲ့မေတ္တာတရားကို မိသားစုအပေါ်မှာထားသင့်ပါတယ်။
လူတစ်ကိုယ်စိတ်တစ်မျိုးဆိုတော့လည်း ပြောရခက်ပါတယ်။ဒါ့ကြောင့်သခင်ယေရှုရဲ့ချစ်ခြင်းမေတ္တာကို အမြဲသတိရပြီး မေတ္တာထားရပါ့မယ်။ချစ်ခြင်းမေတ္တာသည် အင်းအား
အကြီးဆုံး လက်နက်တစ်ခုပါ။ကိုယ့်ရန်သူတွေကတောင် ကိုယ့်ကို တန်ဖိုးထား ဂရုစိုက်လာအောင် စွမ်းဆောင်နိုင်ပါတယ်။ဒါကြောင့် ဒီလောက်ကောင်းတဲ့ တန်ဘိုးဖြတ်လို့မရတဲ့ လက်နက်ကို ကိုယ့်ရဲ့ ကိုယ်ရံတော်အဖြစ် အမြဲတမ်း ဆောင်ရပါ့မယ်။
တမန်တော်ရှင်ပေါလုက ချစ်ခြင်းမေတ္တာသည် စိတ်ရှည်တတ်တယ် ၊ သည်းခံတတ်တယ် ၊ မ၀ါကြွားတတ်ဘူး ၊ ကျေးဇူးပြုတတ်တယ် လို့ပြောပါတယ်။ဒါ့ကြောင့် ဒီစိတ်သဘောတွေကို ကွန်တော်တို့တွေ လိုက်လျှောက်မယ်ဆိုရင် ဘုရားသခင်က ၀မ်းမြောက်လွန်းလို့ မျက်ရည်တောင်ကျမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ဒါတင်မကပါဘူး
ဘုရားသခင်က မရေတွက်နိုင်တဲ့ကောင်းကြီး မင်္ဂလာတွေကို ပေးပါလိမ့်မည်။
တစ်ခါက ဘုရားကျောင်းတစ်ခုမှာပေါ့ သင်းအုပ်ဆရာက ချစ်ခြင်းမေတ္တာအကြောင်း တရားဟောပါတယ်၊ ပြီးတော့ သူက "ကျွန်တော်တို့ အသင်းတော်က လူတွေလည်း အချင်းချင်း ချစ်ခြင်းမေတ္တာထားကြပါ" လို့ ဟောပါတယ်။ ဒါနဲ့ လူငယ်တွေလည်း ချစ်သူထားတာလဲ ကိုယ့်အသင်းတော်ထဲက လူတွေနဲ့ပဲ ချစ်ကြိုက်ကြပါတယ်။ဒီလိုနဲ့ လမ်းခွဲသွားကြတဲ့ လူငယ်စုံတွဲတွေကလည်း အသင်းတော်ထဲကပဲ လမ်းခွဲသွားကြတဲ့ လူငယ်တွေနဲ့ပဲ ပြန်ချစ်သွားကြပါတယ်။ဆိုတော့က အချင်းချင်း ရည်းစားပြောင်းသလို ဖြစ်သွားတာပေါ့။ဒါပေမယ့် ကိုယ့် အသင်းတော်ထဲကပဲဆိုတော့ တော်သေးတာပေါ့.(ဟဲဟဲ)။ဒီလိုနဲ့ ဘုရားကျောင်း တက်ကြတဲ့ တစ်နေ့မှာတော့ သင်းအုပ်ဆရာက အခု ကျွန်
တော်တို့ အသင်းတော်မှာ နာဘူးဝိညာဉ် လှုပ်ရှားနေပါတယ် ဒါ့ကြောင့် ကျွန်တော်တို့ နာနာဆုတောင်းပြီး မောင်းထုတ်ရပါမယ် လို့ပြောပါတယ်။ သခင်ယေရှုပြောတာက ၅၂၈ မေတ္တာကို ပြောတာပါ ၊ သင်းအုပ်ဆရာ ပြောတာလည်း ၅၂၈
ပါပဲ ။သူတို့ရဲ့ သူတို့ အသင်းတော်ကို ချစ်တဲ့စိတ်ကတော့ တော်တော်ကောင်းပါတယ်။
ဒီ့ထက် ပိုကောင်းတာကတော့ လူတိုင်းကို မေတ္တာထားဖို့ပါ။ဘုရားသခင် အလိုရှိတာလဲ အဲဒါပါ။ကူညီစရာရှိရင် ကူညီလိုက်ပါ ၊ ၀မ်းနည်းနေရင် ထပ်တူခံစားပြီး ၀မ်းနည်းပါ။ဒုက္ခရောက်နေရင် ဖေးမကူညီပါ ၊ ကိုယ့်ကိုယ် မုန်းနေရင်လည်း
နားလည် ခွင့်လွတ်ပေးပါ ဒါဆိုရင် ကိုယ်ကိုတိုင်လည်း စိတ်ကြေနူးပြီး ဘုရားသခင်ကိုယ်တိုင်လည်း ၀မ်းမြောက်လိမ့်မယ်။
လောကမှာ အသက်ရှင်တဲ့အခါ အောင်မြင်ခြင်းရယူဖို့အတွက် ဒီအရာ သုံးခုဟာ အင်မတန်ကို အရေးကြီးပါတယ်။ဒါ့ကြောင့် ကျွန်တော် ဒီသုံးခုသည် ကျွန်တော့်ကို ကာကွယ်ပေးပြီး အောင်မြင်ခြင်းရှိရာကို ခေါ်မယ့် bodyguard လို့ခေါ်ချင်
ပါတယ်။
အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ။
 ကိုပါးဘင်
တစ်ခါက ခရီးဝေးကလာတဲ့ အဖိုးကြီးသုံးယောက်က အိမ်တစ်အိမ်ရှေ့မှာ အမောဖြေနားနေကြတယ်…………….
အဲအချိန်မှာ အိမ်ရှင်မက ထွက်လာပြီး အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။
သူမအဲ့လိုဖိတ်လိုက်တော့ အဖိုးကြီးတစ်ယောက်က ထပြောတယ်..
” အဘတို့ သုံးယောက်စလုံးတော့ အိမ်ထဲကိုလိုက်လို့မရဘူး..
ခေါ်ချင်တယ်ဆို ငါတို့ထဲကတစ်ယောက်ကိုပဲ ရွေးခေါ်လို့ရမယ်..
အဘဘေးက သူငယ်ချင်းနာမည်က ” ချမ်းသာခြင်း ” ဖြစ်ပြီး
ဟိုဘက်ဘေးကသူငယ်ချင်းကတော့ ” အောင်မြင်ခြင်း ” လို့ခေါ်ပြီး
အဘနံမည်ကိုတော့ ” ချစ်ခြင်းမေတ္တာ ” လို့ခေါ်တယ်..
ဒီတော့ သမီးအိမ်ထဲကိုပြန်ဝင်သွားပြီး ဘယ်သူ့ကိုခေါ်မယ်ဆိုတာကိုသမီးယောက်ျားနဲ့
သွားတိုင်ပင်လိုက်ပါအုန်းလို့” စေလွှတ်လိုက်တယ်………….
အိမ်ရှင်မလည်း အိမ်ထဲဝင်ပြီးတိုင်ပင်တော့ ခင်ပွန်းက ” အောင်မြင်မှု့ ” ကို ဝင်ခွင့်ပြုရအောင် ၊ ယောက်ခမက ” စည်းစိမ်ချမ်းသာ ” ကိုသာ ဖိတ်ခေါ်သင့်တယ်နဲ့ တစ်ယောက်တစ်ပေါက် အကြံပေးကြတယ်………
ဒေါင့်နားလေးမှာကပ်နေတဲ့ ချွေးမ ဖြစ်သူကတော့ “ကျမသာဆို ” ချစ်ခြင်းမေတ္တာ ” ကိုပဲ ဝင်ခွင့်ပြုမှာ သူသာရှိရင် ကျမတို့ အိမ်လေးသာယာနေမှာ” လို့
ပြောလိုက်တာနဲ့ အားလုံးချစ်ခြင်းမေတ္တာကို ဖိတ်ခေါ်ဖို့သဘောတူခဲ့ကြပြီး
အိမ်ရှင်မက ‘ ချစ်ခြင်းမေတ္တာ ‘ ကို ဖိတ်ခေါ်လိုက်တဲ့အချိန်မှာတော့
အဖိုးအိုသုံးဦးစလုံးဟာ အိမ်ထဲဝင်ဖို့ပြင်လိုက်ကြပါတော့တယ်..
ချစ်ခြင်းမေတ္တာ ကိုဖိတ်ပေမယ့် ကျန်နှစ်ဦင်္းကဘာကြောင့်လိုက်ဝင်ရသလဲလို့
အိမ်ရှင်မကနားမလည်စွာမေးလာတဲ့အခါမှာတော့
” အကယ်၍မင်းကသာ ‘ ချမ်းသာခြင်း ‘ နဲ့ ‘ အောင်မြင်ခြင်း ‘ ထဲက တစ်ယောက်ယောက်ကို ဖိတ်ခဲ့မယ်ဆိုရင် ကျန်၂ယောက်က အပြင်မှာ ကျန်နေရစ်ခဲ့မှာအမှန်ပဲ ….
ဒါပေမယ့် အခုမင်းက ချစ်ခြင်းမေတ္တာကို ဖိတ်လိုက်တာဆိုတော့ အဘတို့က သူ့နောက်ကို လိုက်ကိုလိုက်ရတော့မှာပဲလေ..
ဘာဖြစ်လို့လဲဆိုတော့ အဘတို့ ၂ယောက်က မျက်မမြင်၂ယောက်ပါ။
ချစ်ခြင်းမေတ္တာကသာ ငါတို့ဘ၀ရဲ့ အလင်းရောင်..ငါတို့ရဲ့ အရှင်သခင်ဖြစ်ပြီး သူလမ်းညွှန်တဲ့နောက်ကို ငါတို့ကအမြဲလိုက်နေရတာပါ” လို့
ချမ်းသာခြင်းနဲ့အောင်မြင်ခြင်းဆိုတဲ့အဖိုးအိုနှစ်ဦးက ရှင်းပြလိုက်ပါတော့တယ်..
သင့်ဘ၀မှာ ” ချစ်ခြင်းမေတ္တာ ” တရားတွေနဲ့သာပြည့်စုံနေမယ်ဆိုရင် ‘ ချမ်းသာခြင်း ‘ အောင်မြင်ခြင်း ‘ တွေကိုအလိုလိုပိုင်ဆိုင်နိုင်မယ်ဆိုတာကို ဒီပုံပြင်လေးက ဖော်ပြထားတာပါ..
Credit : Original Writer
Monday, October 12, 2015
ဘ၀ဆိုတာ ရှာဖွေခြင်းပါပဲ။
ဘာကိုရှာဖွေတာလဲလို့  မေးရင် ကိုယ် လိုချင်တာကို ရှာဖွေ ခြင်းပါပဲ။ လူတိုင်း မိမိ စိတ်အားထက် သန်ရာ စိတ်ဆန္ဒရှိရာ အလိုဆန္ဒတွေနောက် တ ကောက်ကောက်ပါအောင် လိုက်လံ ရှာဖွေရင်း ဘ၀ကို ဖြတ်သန်းနေကြပါ တယ်။ ဒီအထဲ က အောင်မြင်မှုဆိုတာ သင်ရှာဖွေနေတဲ့ အရာတွေထဲက တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို ဘယ်ပုံ ရှာဖွေသင့် တယ်ဆိုတာ နည်းလမ်းကောင်းလေး ပေးချင်ပါတယ်။အောင်မြင်မှု လမ်းကြောင်းနောက် ရှာဖွေနေတဲ့သူဟာ သီအိုရီအရ ပြောမယ်ဆိုရင် မ အောင်မြင်သေးတဲ့သူလို့  ပြောရပါမယ်။ ဘာကိုဆိုလိုတာဆိုတော့ မအောင်မြင်တဲ့ အကျင့် စရိုက်တွေနဲ့  အတူနေထိုင်ပြီး အောင်မြင်မှုကို ရှာဖွေနေလို့  အောင်မြင်မှုဟာ နီးရက်နဲ့ ဝေး နေတာပါ။ ဒါကြောင့်ကိုယ့်မှာ အရင်ဆုံး အောင်မြင်မှုနဲ့  အလှမ်းဝေးစေနိုင်တဲ့ အကျင့် စရိုက် တွေ ရှိမရှိ အရင် သုံးသပ် စစ်ဆေးရမှာ ဖြစ်ပါတယ်။ဘယ်အချက်တွေက သင့်ကို အောင်မြင်မှုနဲ့  ဝေးကွာစေသလဲဆိုရင်
(၁) ဘာလိုချင်မှန်း သေချာမသိခြင်း
လောကမှာ ကိုယ်ဘာလိုချင်လဲဆိုတာ သေချာမသိပဲ အသက်ရှင်နေတဲ့သူတွေ အများကြီး ပါ။ များသောအားဖြင့် လူငယ်တွေ ပြောလေ့ရှိတာက ချမ်းသာချင်တယ်။ သူဌေး ဖြစ်ချင် တယ် ဆိုတာပါပဲ။
ဒါပေမဲ့ ဘယ်လောက် ချမ်းသာချင်တာလဲ။ ဘယ်လိုလုပ် ပြီး ချမ်းသာ ချင်တာလဲ။ နောက်ရှိသေးတယ်။ ချမ်းသာချင်တယ် ပြောပြီး အိမ်မက်အဆင့် စိတ်ကူး အဆင့်ကနေ မတက်တော့ တဲ့သူတွေ အများကြီးပါပဲ။
ဒီတော့ ကိုယ်လိုချင်တာကို အရင် ဆုံး သေချာသိအောင်လုပ် စိတ်ထဲက လိုအင်ဆန္ဒ ပြတ်သားမှ Action က ပြတ်ပြတ်သား သား လုပ်ဆောင်နိုင်မှာပါ။
(၂) ရှိသမျှ အကုန်လိုချင်ခြင်း
လောကမှာ အကုန်လိုချင်လို့  မရပါဘူး။ အကုန်ဖြစ်ချင်လို့ လည်း မရပါဘူး။ ဟိုဟာလည်း ဖြစ်ချင်တယ်။ ဒီဟာလည်း ဖြစ်ချင် တယ် ဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။
မျောက်သစ်ကိုင်းလွတ်သလိုအကုန်လွတ်ကုန်ပါလိမ့်မယ်။ ဖြစ်ချင်တာများတဲ့သူဟာဘာမှ ပေါက်ပေါက်ရောက်ရောက် ဖြစ်မလာတာများပါတယ်။
ဒီတော့ ကိုယ်ဟာ ဖြစ်ချင်တာတွေ များတဲ့သူလား။ ဖြစ် ချင်တာတွေ များနေရင် အရင်ဆုံး ဘယ်ဟာကို အဖြစ်ချင်ဆုံးလည်း ဆိုတာ စစ်တမ်းကောက်ကြည့်ပြီးမှ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ တစ်ခုထဲနောက် တစိုက်မတ်မတ် လိုက်တာဟာ အောင်မြင်မှုနဲ့  နီးစပ်ပါတယ်။
(၃)ဥုံဖွ နည်းလမ်းလိုက်ခြင်း
အောင်မြင်မှုကို ရှာဖွေတဲ့ နေရာမှာ ဥုံဖွ ဆိုပြီး ရုတ်ချည်း အောင်မြင်တဲ့ နည်းလမ်းရယ်လို့  မရှိပါဘူး။ ကိုယ်က ခု ရေတွင်းတူး၊ ခု ရေကြည်သောက်ချင်လို့ မဖြစ်ပါဘူး။
လောကမှာ ကြီးမြတ်တဲ့ အရာမှန်သမျှ ကြီးမြတ်တဲ့ ပေးဆပ်မှု မရှိပဲ အလကား မရဘူးဆိုတာ နားလည် ထားရပါမယ်။
လောကမှာ သူ့ ဈေးနှုန်းနဲ့  သူက ရှိပြီးသားပါ။ တစ်ကျပ်ဖိုး အောင်မြင်ချင် ရင် တစ်ကျပ် ဖိုး ကိုယ်က ပေးဆပ်ရပါမယ်။ တစ်ထောင်ဖိုး အောင်မြင်ချင်ရင် တစ်ထောင် ဖိုး ပေးဆပ်ရမှာပါ။ လောကမှာ အလကား ဘယ် ဟာမှ မမျှော်လင့်ပါနဲ့ ။ အလကားလည်း မလိုချင်ပါနဲ့ ။
(၄) မိမိကိုယ်ကို အထင်ကြီးခြင်း
ဘယ်ပညာရှင်ကမှ မိမိကိုယ်ကို ငါတော်လှပြီ၊ တတ်လှပြီလို့  မကြွေးကြော်တတ်ပါဘူး။ အဆံ မရှိတဲ့သူတွေသာ အာချောင် တတ်ကြတာပါ။ ဒါကြောင့် ကိုယ့်ကိုကိုယ် တော်လှပြီ တတ်လှပြီလို့  ဆိုပြီး ပြိုင်ဘက်မရှိတဲ့သူလို့  မထင်လိုက်ပါနဲ့ ။
သင်ယူ စရာတွေ မရှိတော့ ဘူး လို့ လည်း မထင်လိုက်ပါနဲ့ ။
သင်ယူမှုတွေ ရပ်တန့် လိုက်တဲ့နေ့ ဟာ သင်ကျဆုံးတဲ့နေ့ ပါပဲ။ နေ့ တိုင်း ကို သင်ယူမှု အသစ်တွေနဲ့  အစပျိုးသင့်ပါတယ်။
အောင်မြင်နေတဲ့သူတိုင်း ဟာ အဆက်မပြတ် သင်ယူနေကြသလို အောင်မြင် ချင်တဲ့သူတိုင်းဟာလည်း မိမိကိုယ်ကို ကိုယ် သင်ယူမှု ပြီးဆုံးပြီလို့  မသတ်မှတ်ပဲ အဆက်မပြတ် လေ့လာ ဆည်းပူးနေသင့်ပါ တယ်။
မိမိကိုယ်ကိုကိုယ် အထင်ကြီးတာဟာ ကျဆုံးခြင်းပါပဲလို့  ပညာရှိများက ဆိုကြ ပါတယ်။ ဘယ်ပညာရှိကမှ မိမိကိုယ်ကို အထင်မကြီးဘူး။ မိမိကိုယ်ကို ယုံကြည်မှု ရှိတာနဲ့  ကိုယ့်ကိုကိုယ် အထင်ကြီးဖို့  မကြိုးစားပါနဲ့ ။ ယုံကြည်မှု ရှိအောင်ပဲ ကြိုးစား သင်ယူမှုကို ဘယ်သောအခါမှ အဆုံးမသတ်လိုက်ပါနဲ့ ။
(၅) ရေတိုပဲကြည့်ခြင်း
အောင်မြင်ဖို့ ရေတိုပဲ ကြည့်တတ်တယ်ဆိုရင်တော့ ရေရှည် အောင်မြင်ဖို့  မဖြစ်နိုင်ပါဘူး။
တချို့ လူတွေ ရှိတယ်။ ဒီနေ့  ချမ်းသာပြီး နောက်နေ့  ကုန်းကောက်စရာမရှိအောင် ဆင်းရဲ သွားတာလေ။ ဒီဥပမာက လောကမှာ ရေတိုကြည့်တဲ့သူနဲ့  ရေရှည်ကြည့်တဲ့သူ ဘာကွာ ခြားသွားသလဲဆိုတော့ ရေရှည်မှာ ရေရှည်ကြည့်တဲ့သူက ရေရှည် အောင်မြင်သွားပြီး ရေတို ကြည့်တဲ့သူက ရေတိုပဲ အဆင်ပြေသွားကြပါတယ်။
စီးပွားရေးလုပ်ငန်းတိုင်းမှာ ရေရှည် ရည်မှန်းချက်၊ ရေရှည် စီမံကိန်းဆိုတာ ရှိစမြဲပါပဲ။ ဒါကြောင့် သင့်မျက်စိကို မျက်စိတဆုံး ကြည့်တတ်ဖို့ လိုလိမ့်မယ်။
ဒါတွေဟာ အောင်မြင်မှုကို ရှာဖွေတဲ့သူတွေအနေနဲ့  ဖြစ်လေ့ဖြစ်ထ ရှိတဲ့ပုံစံပါ။ အောင်မြင် မှုကို ခါးကြားထိုးပြီး ရှာနေတာ မဖြစ်ရအောင် အရင်ဆုံး မိမိဘာကြောင့်မအောင်မြင်သေးလဲဆိုတာဆန်းစစ်ကြည့်ပါ။
အောင်မြင်ချင်တယ်ဆိုရင် အောင်မြင် ခြင်းကို မရမက အရ ယူနိုင်ဖို့  နည်းလမ်းကောင်းလေးတွေ ဝေမျှရင်း မိမိစိတ် ပြင်းပြရာ အောင်မြင်မှုကို လက်ဝယ် ပွေ့ ပိုက်နိုင် ကြပါစေ။
Credit : Original Writer
" ဘုရားက လူကို ဖန်ဆင်းပြီးတဲ့အခါ ပုံစံခွက်ကို လွင့်ပစ်လိုက်တယ် " ဆိုတဲ့စကား ကြားဖူးသလား? ရှေးလူအားလုံးနဲ့ နောင်ဖြစ်မယ့် လူတွေအားလုံးအတွက် ဒီစကားက မှန်ပါတယ်။ ဘုရားသခင်က သင့်ကို ဖန်ဆင်းပြီးတာနဲ့ ပုံစံခွက် (mold) ကို လွင့်ပစ်ခဲ့ပါပြီ။ လူတူမရှိနိုင်တော့ဘူး။ လူတိုင်းဟာ မူရင်း Original ပါ။ ဘုရားက မိတ္တူ Copy မလုပ်ဘူး။
" တပုံစံတည်းတူတဲ့ အမွှာ " ဆိုတာ မှားပြောတာပါ။ အဲဒီလို အမွှာမျိုးမရှိဘူး။လူတွေမှာ လက်ဗွေရာ သီးသန့် ကိုယ်စီရှိကြတယ်။ ရှေးလူ၊ နောက်လူ - ဘယ်သူနဲ့မှ မတူတဲ့ လက်ဗွေရာပါ။
ကဲ- ဘုရားက မတူစေချင်ရင် လူတွေက တခြားတယောက်ယောက်နဲ့ တူအောင် ဘာကြောင့်တုကြသလဲ?
ကျွန်တော်မှာ သားသမီး ၄ ယောက် ဘုရားပေးထားပါတယ်။ တယောက်နဲ့တယောက် မတူကြဘူး။ တချို့ကို စည်းကမ်းပိုကြပ်ရတယ်။ တချို့က အကဲပိုဆပ်တယ်။ တုန့်ပြန်လွယ်တယ်။ တချို့က သီချင်းပိုရတယ်။ တယောက်နဲ့တယောက်တူဖို့် ကျွန်တော် မကြိုးစားဘူး။ ပုံမသွင်းဘူး။ ဒါပေမယ့် " မင်းတို့ အစွမ်းတွေ အမြင့်ဆုံးဖြစ်လာအောင် အဖေကူမယ်။ ဘုရားသခင်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင်ကြိုးစားကြ " လို့ မကြာခဏ ပြောဖြစ်ပါတယ်။
ဘာပဲလုပ်လုပ်၊ ကိုယ်ပုံစံအတိုင်းလုပ်ပါ။ တခြားသူဆီက သင်ယူရပေမယ့် အတုမလုပ်ရဘူး။ သူများနဲ့ တူအောင် ကြိုးစားနေရင်၊ ကိုယ်ပိုင် သဘာဝ မရှိတော့ဘူး။ ကိုယ်ကိုယ်တိုင် အသက်ရှင်တာ မဟုတ်တော့ဘူး။ သူလည်း ကိုယ့်ဆီမှာ လာမရှင်ဘူး။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါစေ။ ကိုယ်သဘာဝနဲ့ ကိုယ်နေပါ။
နာမည်ကြီး ဧဝံဂေလိဆရာ B.R. Lakin ပြောလေ့ရှိပါတယ်။
" Piano စန္ဒယားမှာ သံစဉ်တခု၊ တသံပဲတီးတတ်မယ်ဆိုရင်၊ B – natural သံမှန် B ။   Be natural ပဲ တီးချင်ပါတယ်။ "  ဒါကြောင့် Be natural ပင်ကိုယ်သဘာဝအတိုင်း ဖြစ်ပါစေ။         ။ 
Credit : Original Writer
ဒီကျမ်းပိုဒ်တွေထဲမှာဆိုရင်ယုံကြည်သူသားသ္မီးတွေကို စောင့်ရှောက်ဖို့အတွက်ဘုရားသခင်က ကောင်းကင်တမန်တွေကို စေလွတ်တယ်လို့သိရပါတယ်။ဒါကြောင့် ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်တဲ့ သားသ္မီးတွေအတွက်ဆိုရင် ဘယ်နေရာသွားသွား ၊ ဘယ်ကိုပဲရောက်ရောက် ကြောက်စရာ မလိုပါဘူး။ဒီလိုပြောတဲ့ အခါမှာ ကျွန်တော်တို့က လူသားတွေဖြစ်တဲ့အတွက် စိုးရိမ်စိတ်တွေဖြစ်တတ်ပါတယ်၊ဒါပေမယ့် အဲဒီစိတ်တွေဖြစ်တဲ့အခါ ဒီကျမ်းပိုဒ်တွေကို သတိရပြီး ဘုရားသခင်က ကျွန်တော်နှင့်အမြဲ အတူပါရှိ(Mt 28:20) တယ်ဆိုတာကို သတိရလိုက်ပါ။
တစ်ခါက Michigan က သာသနာပြုဆရာ တစ်ယောက်ဟာ Africa မှာ သာသနာပြုပါတယ်။သူဟာဆိုရင် သူ mission လုပ်တဲ့ရွာနဲ့ မြို့နဲ့သိပ်ဝေးပါတယ်။ဒါကြောင့် နှစ်ပတ်တစ်ကြိမ် မြို့တက်ပြီး လိုအပ်တဲ့ ဆေးဝါး ၊ စားနပ်ရိက္ခာတွေကို ၀ယ်ယူလေ့ ရှိပါတယ်။ဒါကို မသမာတဲ့လူတွေက သူ့ကို အမြဲစောင့်ကြည့်နေကြပါတယ်။အဲဒီသာသနာပြုဆရာဟာ ဘယ်အချိန်မှာ မြို့တက်ပြီး ဘာလုပ်တတ်တယ် ၊ ဘာတွေဝယ်လာတတ်တယ် ဆိုတာတွေကို စောင့်ကြည့်လေ့လာကြပါနယ်။
တစ်ခေါက်တော့ မြို့တက်ပြီး အပြန်လမ်းမှာ လူနှစ်ယောက် ရန်ဖြစ်နေကြတာကိုတွေ့ပါတယ်။ဒါကို သူက ဒဏ်ရာရတဲ့သူကို ဆေးတွေလိမ်းပေးပြီး ပြုစုခဲ့ပါတယ်။တစ်နေ့သူ အိမ်မှာ ရှိနေတဲ့ အချိန်မှာ လူတစ်ယောက်လာပြီး ဆရာ ကျွန်တော့်ကို မှတ်မီလားလို့မေးတော့သူက မမှတ်မိဘူးလို့ပဲ ပြန်ဖြေခဲ့ပါတယ်။အဲဒီတော့ မေးတဲ့လူက ကျွန်တော်ဟာ .....ဆိုပြီး သူ ဒဏ်ရာရစဉ်က အကူအညီပေးခဲ့တာတွေကို ပြန်ပြောပြပါတယ်။အဲဒါမှပဲ သာသနာပြုဆရာက ပြန်မှတ်မိပါတယ်။
ပြီးတော့ ဧည့်သည်ကပဲဆက်ပြီးတော့ ပြောပါတယ်..အမှန်တော့ ကျွန်တော်တို့က ဆရာ့ကို ဓါးပြတိုက်ဖို့ စီစဉ်ခဲ့တာပါ ဆိုပြီးပြောပြကာ သူ့အပြစ်အတွက် ၀န်ချတောင်းပန်ပါတယ်။ဆရာ နောက်ဆုံး မြို့တက်တဲ့နေ့က ဆရာနောက်ကနေပြီး ဆရာ့ကို ကာကွယ်ပေးတဲ့လူတွေက ဘယ်သူတွေလဲလို့မေးပါတယ်။ဒါနဲ့ သာသနာပြုဆရာက ဘယ်ကလူတွေပါရမှာလဲ ကျွန်တော်တစ်ယောက်ထဲပါလို့ ပြန်ပြောတော့ ဧည့်သည်က မဟုတ်ဘူးနော်ဆရာ ကျွန်တော်တို့တွေ့တာက ဆရာ့နောက်မှာ လူ ၂၆ ယောက် ရှိတယ်လို့ပြောပါတယ်။အဲဒီအခါမှာ သာသနာပြုဆရာဟာ ဘုရာသခင်က သူ့ကို စောင့်ရှောက်နေတာပါလားဆိုပြီး ကျေးဇူးတော် ချီးမွမ်းပါတယ်။
အဲဒီ ဆရာဟာ တစ်နေ့မှာတော့ America ကို ပြန်ပြီး ဘုရာကျောင်းမှာ အဲဒီ အကြောင်းကို သက်သေခံတော့ လူပရိသတ်တွေကြားထဲကနေ လူတစ်ယောက် မတ်တတ်ရပ်ပြီး ဆရာ အဲဒီနေ့ရက်ကို တိတိကျကျမှတ်လားလို့မေးတော့ သာသနာပြုဆရာကလည်း မှတ်မိတယ်ဆိုပြီးပြောပြပါတယ်။အဲဒီအခါမှာ မတ်တတ်ရပ်တဲ့လူက အဲဒီနေ့ဟာဆရာတို့ ဆီမှာညနေပိုင်းဖြစ်ပြီး ကျွန်တော်တို့ဆီမှာတော့မနက်ပိုင်းပါ။အဲဒီ မနက် ကျွန်တော် ဂေါက်ကွင်း မှာ ဂေါက်ရိုက်ဖို့သွားတော့ လမ်းမှာ ဘယ်လိုဖြစ်လို့လဲမသိဘူး ဆရာ့အတွက် ဆုတောင်းချင်တဲ့စိတ်တွေပဲဖြစ်လာတယ်။ဒါနဲ့ကျွန်တော်လည်း သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ဘုရားကျောင်းကို ခေါ်ပြီး ဆုတောင်းကြပါတယ် လို့ပြောပါတယ်။
ဘုရားရှိခိုးပြီးတော့ သာသနာပြုဆရာက အဲဒီနေ့က ကျွန်တော့်အတွက် ဆုတောင်းပေးကြတဲ့သူတွေ မတ်တတ်ရပ်ပေးပါလို့တောင်းပန်တဲ့အခါ လူ ၂၆ ယောက် က မတ်တတ်ရပ်ကြပါတယ်။
ဒီနေ့ ဒီအဖြစ်အပျက်အားဖြင့် ကျွန်တော်တို့တွေ ခွန်အားယူစရာ အများကြီးရှိပါတယ်။ဘုရားသခင်ဟာ သူ့ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်တဲ့သူတွေကို လူတွေကြံစည်လို့မမှီနိုင်တဲ့ နည်းလမ်းဖြင့် ကွယ်ကာစောင့်မနေပါတယ်။ဒါကြောင့် ဒီစာစဉ်လေးကို ဖတ်ကြတဲ့ မိတ်ဆွေများလည်း ဘုရားသခင် ကွယ်ကာမစ ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
By Paben, Tahan Kalaymyo.
Death does not care anyone...
သေခြင်းတရားသည် မည်သူကိုမျှ ဂရုမစိုက်ပေ။
Death does not hurry nor delay...
သေခြင်းတရားသည် အလျင်လိုခြင်းမရှိ၊ နှောင့်နှေးခြင်းလဲမရှိ။
Death does not notice your appearance nor wealth...
သေခြင်းတရားသည် သင်၏ ရုပ်ရည်နှင့် ပိုင်ဆိုင်ခြင်းကို သတိမထားပေ။
Death doesn not wait a man to grow up nor hurry for an old to meet...
သေခြင်းတရာသည် အရွယ်ရောက်လာရန် မစောင့်စိုင်းပေ၊ သက်အိုရင့်များကိုတွေ့ဆုံရန် အလျင်မလိုပေ။
Death is the destiny of all man...
သေခြင်းတရားသည် သက်ရှိသတ္တ၀ါတိုင်း၏ နောက်ဆုံးပန်းတိုင်ပါပေ၏။
    But...whosoever believe and accept Jesus Christ as personal Saviour and Lord, Death is the door to everlasting and unimaginable joy forever.
    သို့သော်.... ခရစ်တော် ယေရှုကို မိမိတို့၏ ကယ်တင်ရှင်အဖြစ် အနှိုင်းမဲ့ယုံသြည်သောသူတိုင်း
အတွက် အဆုံးအစမဲ့ ပျော်ရွှင်ခြင်း၏ တံခါးဝဖြစ်ပေသည်။
        May the Lord bless you all
            SangSang
Subscribe to RSS Feed Follow me on Twitter!